အပိုင်း 14

2.1K 111 4
                                    


လင်းအိပ်ရာနိုးနိုးချင်း အိပ်ရာဘေးကိုကြည့်လိုက်တော့ ဟိုလူကမရှိတော့ပေ ဒါနဲ့ လင်း လည်းအိပ်ရာထက်က ထပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့သည်။ အောက်ထပ်ရောက်တော့ လပ်တော့ တစ်လုံးကိုပေါင်ပေါ်တင်ပြီးအလုပ်လုပ်နေတဲ့ လူကြီးကြောင့် လင်းအောက်ထပ်မရောက်ခင်လှေကားထစ်လေမှာတင် ထိုလူကြီးကိုရပ်ကြည့်နေမိသည်။

အနက်ရောင်အနောက်တိုင်းဝတ်ရုံကိုဝတ်ထားတဲ့ လူကြီးက အရမ်းကိုသန့်ပြန်ပြီးချောမောခန့်ညားနေတော့သည်။ ညကသူပေးထားတဲ့ခေါင်းက ဒဏ်ရာကို ပတ်တီးဖြူလေးနဲ့ပတ်ထားသေးတာကြောင့် အဲ့လူကြီးက ပိုပြီးအထာကျနေသေးသည်။ လက်တော့ပ်ကိုနှိပ်နေတဲ့လက်ချောင်းကြီးတွေကလည်း သွေးကြောစိမ်ကြီးတွေပါမြင်နေရသေးသည်။ Perfect manဆိုတာသူ့ကိုပြောနေသလိုပင် ။

"အဲ့မှာရပ်မနေနဲ့ ကြည့်လို့ဝရင် ကိုယ်အတွက်မနက်စာလာ လုပ်ပေး"

လင်း လှေကားနားမှာ ရပ်ပြီးတွေးနေတုန်း နေမင်းခအသံကြောင့်အသိဝင်လာတော့သည်။ နေမင်းခ စကားကြောင့် ရှက်ရမ်းရမ်းနှင့်

"ဘယ်....ဘယ်မှာခင်များကိုကြည့်နေလို့လဲ ကိုယ့်ဘာသာကိုယ်အတွေလွန်နေပြီးတော့ "

"ဟက် တကယ်လာ....တကယ်ကိုယ့်အကြောင့်မတွေးဘူးပေါ့"

"ဘာ...ဘာလုပ်တာလဲ..."

လပ်တော့ကိုစားပွဲခုံပေါ်တင်ပြီး လှေကားနားက လင်းလက်သစ်ဆီကိုသွားကာ ခါးကိုသူ့လက်နှစ်ဖက်နဲ့မျက်နှာချင်းဆိုင်လှမ်းဖက်လိုက်တာကြောင့် လင်းမှာ နေမင်းခရဲ့ရင်ဘက်ကိုလက်နဲ့တွန်းထားရတော့သည်။

"လူကို မြူဆွယ်နေတာလား"

ပြောပြီး လင်းရဲ့ရင်ဘက်မျက်စပစ်ပြတော့သည်။ လင်းလည်းနေမင်းခ မျက်စပြစ်ပြတဲ့နေရာကိုကြည့်လိုက်တော့ စွပ်ကျယ်ကလက်တစ်ဖက်က လက်မောင်းအောက်သို့ လျော့ကျနေတာကြောင့် လင်းရဲ့ ရင်ဘက်က နီနီအသီလေးက ထင်ပေါ်နေတော့သည်။ လင်းမှာ အကျီလက်မောင်းကိုအတင်းဆွဲတင်ရတော့သည်။

"ဖယ်....ဖယ်တော့လေ...."

"အင်း....ဒါပေမယ့် ကိုယ့်အတွက်မနက်စာလုပ်ပေးရမယ် "

Together with youWhere stories live. Discover now