38 (zawgyi)

475 11 0
                                    

""ကိုမြတ်မင်းတမန်"

" ဟုတ်ပါတယ်ဗျ ကျနော်ပါ ကြည့်ရတာ မင်းလေးကကိုယ့်ကိုမေ့နေတယ်နဲ့တူတယ် အဲ့တော့ နောက်နောင်မမေ့ရအောင် ကိုယ့်ဘေးမှာ မင်းလေးကိုခေါ်ထားမှရတော့မယ်"

မြတ်မင်းတမန်ရဲ့စကားကြောင့် လင်းလည်း ဘေးနားမှာအိပ်ပျော်နေတဲ့သားကိုပွေ့ချီလိုက်ပြီး

" ကိုမြတ်မင်းတမန် ခင်များ လင်းတို့သားအဖကိုဘာလုပ်မလို့လဲ "

"ဘာမှမလုပ်ပါဘူး မင်းလေးနဲ့ နေမင်းခတို့သားအဖကို တစ်သက်လုံးခွဲရုံလေးပါ ဟားဟားဟား"

"ထွက်သွား...အခုချက်ချင်း လင်းတို့အခန်းကထွက်သွား"

"မသွားဘူးကွာ ငါဒီကိုလာတယ်ဆိုတာ မင်းကိုမရရအောင်ခေါ်မလို့လာတာ လာလိုက်ခဲ့"

"ဖယ်စမ်း ခင်များ...လွှတ်...လွှတ်လို့ပြောနေတယ်နော် ကျနော့်လက်ကိုအခုချက်ချင်းလွှတ်လို့"

တစ်ဖက်မှာ သားကိုချီးထားရတာမို့ ရုန်းနေရတာထင်သလောက်မလွယ်ပေ။ လင်းတို့ရဲ့ရုန်းရင်းဆန်ခတ်ဖြစ်မှု့ကြောင့် အိပ်ပျော်နေရင်းထငိုတော့သည်။

"ကယ်ကြပါဦး....ကယ်ကြပါ"

"အဟက် အော်စမ်း ကြိုက်သလောက်အော် သေအောင်အော်စမ်း ဒီနေ့မင်းငါ့လက်ထဲရောက်တဲ့နေ့ပဲ မင်းကငါ့အပိုင်ဖြစ်တဲ့နေ့ပဲ ဟားဟား"

ပြောရင်း လင်းတို့သားအဖကို ဆေးရုံအခန်းထဲကနေဆွဲခေါ်လာတော့သည်။ လင်းကလည်း ကျန်တဲ့လက်တစ်ဖက်နဲ့ သားကိုတင်းတင်းဖက်ကာဘေးလူတွေကိုအကူအညီတောင်မိသည်။

လင်း အော်ဟစ်အကူအညီတောင်းပေမယ့်လင်းကိုခေါ်လာတဲ့လမ်းတစ်လျှောက်မှာ အကူအညီတောင်ဖို့ လူတစ်ယောက်တစ်လေတောင်မတွေ့ပေ။ဒါကလည်း မြတ်မင်းတမန်ရဲ့ စနက်ဆိုတာ လင်းသိသည်။

တဖြည်းဖြည်းနဲ့ ဆေးရုံကားပါကင်သို့ရောက်နေပြီဖြစ်သည်။

"အေးအေးဆေးဆေးလိုက်ခဲ့နော် လင်းလက်သစ်မင်းကိုယ့်စိတ်ကိုသိတယ်မလား မင်းရဲ့ကလေးတစ်ခုခုမဖြစ်ချင်ရင် ငါ့နောက်ကိုအေးဆေးလိုက်ခဲ့"

"ခင်များ ကျနော်တို့သားအဖကိုဘယ်ကိုခေါ်သွားမလို့လဲ "

ဆေးရုံကားပါကင်မှာ မြတ်မင်းတမန်နဲ့ လင်းလက်သစ်တို့ ရုန်းရင်းဆန်ခက်ဖြစ်နေတုန်း

Together with youWhere stories live. Discover now