အပိုင်း 11

2.4K 108 3
                                    

"သူရ မင်းကိုငါစောင့်ကြည့်ခိုင်းထားတာ သူ့အခြေအနေဘယ်လိုလဲ"

"ပုံမုန်အတိုင်းပါပဲ သူ့ပန်းဆိုင်ကိုပုံမုန်သွားပါတယ်"

"အင်းရပြီ သူရ လုပ်စရာရှိတာလုပ်တော့"

သူရထွက်သွားတော့နေခတစ်ယောက် ပြုံးလိုက်ပြီး

" ဟက် မင်းကတကယ်ကိုမလွယ်ကြောလေးပဲ "

------------

သီရိတစ်ယောက် လင်းရဲ့ကားလေးကိုယူပြီး စျေးဝယ်ရန်ထွက်လာခဲ့တော့သည်။ ကားကို စျေးဝယ်စင်တာရဲ ကားပါကင်မှာ ကားထိုးနေတုန်း

"ဟယ် နင်မြတ်သီရိခိုင်မလား"

နောက်ကခေါ်လိုက်တဲ့အသံကြောင့် သီရိလှည့်ကြည့်လိုက်တော့ နိုင်ငံခြားမှာကျောင်းတတ်တုန်းက သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ သံစဥ်ချို ဒါနဲ့သီရိလည်း သံစဥ်ကိုပြုံးပြလိုက်တော့သည်။

သံစဥ်ချို သီရိနဲ့စကားပြောနေတုန်း သီရိစီးလာတဲ့ ကားကိုတစ်ချက်ကြည့်ပြီး

"သီရိ ဒါနင်စီးလာတဲ့ကားလား "

"အင်း"

"ဟယ် နင်ကိုသူငယ်ချင်းတွေမြင်ရင်ရယ်နေဦးမယ်နော်"

"ဘာလို့လဲ"

"ဘာဖြစ်ရမှာလဲ နင့်လို သန်စင်တဲ့ မျိုးရိုးရှိတဲ့မိန်းကလေးက ဒီလို ကားစုပ်ကိုစီးနေရတာ ငါသားဆိုအရမ်းရှက်မိမှာသိလား အော် ငါထွက်လာတာနည်းနည်းကြာနေပြီ ငါသွားတော့မယ်နော်ဖုန်းဆက်လိုက်ဦးနော် ဘိုင်ဘိုင်"

သံစဥ်ပြောပြီးထွက်သွားပေမယ့် ကျန်ခဲ့တဲ့ သီရိမှာတော့အံကိုကြိတ်ပြီး စိတ်ကိုမနည်းလျော့ချလိုက်ရတော့သည်။ ဒါကိုအဝေးတစ်နေရာကကြည့်နေတဲ့ နေခကသဘောကျစွာပြုံးလိုက်တော့သည်။

--------
သီရိ ဝယ်ရန်ကားတွေကိုကြည့်နေမိသည်။ ပြိုင်ကားအနီရောင်လေးက အရမ်းလှနေတာကြောင့် သီရိထို ကားကလေးကိုသာ လှည့်ပတ်ကြည့်မိသည်။ ကားလေးကိုလိုချင်ပေမယ့်လည်း စျေးကအရမ်းကြီးနေတော့ ပါလာတဲ့ပိုက်ဆံနဲ့ကသိပ်အဆင်မပြေပေ။

" ဒီကားက ဘယ်လောက်လဲ အကို"

"ဒီကားက ၅၆သိန်းပါ BMW-BMW420Dပါ "

Together with youWhere stories live. Discover now