အပိုင်း 19

1.9K 88 0
                                    

လင်း တစ်ယောက် နောက်ကပေကပ်ကပ်နဲ့လိုက်လာတဲ့ ရောင်နီသွေးကို လက်ကအတင်းဆွဲပီး ခေါ်လာရတော့သည်။ ဒီလိုနာမည်ကြီးဟိုတယ်တစ်ထုမှာ အခုလိုပန်းအလှဆင်ရမှာ လင်း စိတ်တောင်မကူးဖူးဘူး ရတဲ့လစာကလည်း လင်းတို့တစ်နှစ်ရှာစာလောက်ရှိသည်မို့ လင်း ဒီအလုက်ကိုလက်မလွှတ်ချင်ပေ။ ဖေဖေကျန်းမာရေးကလည်းရှိသည်မဟုတ်လား ဘာပဲဖြစ်ဖြစ် လင်းဒီအလုပ်ကိုလက်လွှတ်မခံနိုင်ပေ။

"လင်း လွှတ်တော့ ငါ့လက်နာနေပြီး"

"မလွှတ်ဘူး လွှတ်ရင်နင်က ပြန်ပြေးမှာပေါ့"

"မပြေးဘူးဟာ ဂတိပေးတယ် ဂတိ ဂတိ"

အဖြူရောင်ရှပ်အကျီကိုမှ ဂျင်းဘောင်းဘီအတိုလေးနဲ့တွဲဝတ်ထားတဲ့ ရောင်နီးသွေးကတကယ့်ကိုချစ်စရာလေး ဂုတ်ဝဲဖစ်နေတဲ့ဆံပင်လေးကိုဘေးခွဲလေးခွဲထားသေးသည်။

"တကယ်ပြောနေတာလား နင်တကယ်ထွက်မပြေးဘူးနော်"

"တကယ်ပါဆိုဟယ် လင်းရယ်နင်ဘယ်လိုဖြစ်နေတာလဲ နင်မို့လို့အဲ့လူစကားကိုယုံတယ်နော်"

"နင်ကလည်း အော် ကိုသီဟထွဍ်ခေါင် မဂ်လာပါ"

လင်းရဲ့စကားကြောင့် ရောင်နီ နောက်ကိုလှည့်ကြည့်လိုက်တော့ သူတို့ကိုပြုံးပြပြီး သူတို့ဆီကိုလမ်းလျှောက်လာတဲ့ သီဟထွဍ်ခေါင် ကတကယ်ကိုစမတ်ကျလှသည်။

နီညိုရောင် suitကိုဝတ်ထားတဲ့ လူကြီးကတကယ့်ကို ပြစ်ကြွယ်ချင်စရာပင်။ ဒါပေမယ့်အဲ့အထဲမှာ ရောင်နီသွေးတိုမပါပေ။ ကြွေစရာလားသူ့ရုပ်ကို ဟွန်း။

သီဟလည်း လင်းလက်သစ်တို့လာတယ်ဆိုလို့ သူကိုယ်တိုင်ထွက်ကြိုမိသည်။ အမှန်တကယ်ပြောရမယ်ဆိုရင် ချာတိတ်ကိုမြင်ချင်လို့ဆိုရင်ပိုမှန်လိမ့်မည်။ အဲ့ကောင်လေးကိုစတွေ့တဲ့နေကတည်းက သူလေးကိုမမြင်ရရင်ကိုမနေနိုင်ဖြစ်မိသည့်အထိပင်။

အခုလည်းသူလာတာကိုမြင်တော့ မျက်မှောင်လေးကြုပ်ပြီးနှုတ်ခမ်းလေးဆူကာ သူ့(သီဟထွဍ်ခေါင်)ကို ဘုကြည့်ကြည့်နေသေးသည်။

ပြီးတော့ ဒီနေ့ချာတိတ်ဝတ်လာတဲ့ ဝတ်စုံကချာတိတ်နဲ့တကယ်လ်ုက်သည်။စိတ်ထဲရှိသည့်အတိုင်းဆိုရင် ပြေးပြီးဆွဲဖစ်ညစ်ပလိုက်ချင်တော့သည်။

Together with youNơi câu chuyện tồn tại. Hãy khám phá bây giờ