39

1.5K 59 2
                                    

" သား....သား...အမေ့ရဲ့သားလေး သားလေး ဟင့်အင်....အီး....ဟီး.......ဟီး........ မဟုတ်ဖူး မသွားနဲ့......  သားတမန်ကို​ခေါ်မသွားပါနဲ့ သားလေး အမေ့သားလေး အမေ့ဆီကိုလာ ဟုတ်တယ် အမေ့ဆီကိုလား ဟီးဟီး.....သွေးတွေ.....အီး..သွေးတွေ....ငါသတ်တာမဟုတ်ဖူး...အီး...ဟီး...ဟီး...ငါသတ်တာမဟုတ်ဖူး...ငါ့သားကို..အဟင့်...ငါသတ်တာမဟုတ်ဖူးလို့"

အချုပ်ခန်းထဲမှာ တစ်ယောက်တည်း စကားတွေပြောရင်အော်ငိုနေတဲ့ ဒေါ်မြင့်မြတ်ခင်ကိုကြည့်ပြီး နေမင်းခနဲ့လင်း စိတ်မကောင်းပေ။

ဘယ်လောက်ထိကိုယ့်အပေါ်မှာ ဒုက္ခပေးခဲ့ပေးခဲ့ အခုလိုချိန်မှာ စိတ္တဇဝေတနာရှင်တစ်ဦးကို ပြန်ကလဲ့စားချေရအောင် နေမင်းခ အဲ့လောက်ထိ အသည်းမမာပေ။

နေမင်းခ ဒေါ်မြင့်မြတ်ခင်ကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ' ရန်ညိုးတရား ' ကအရမ်းကိုကြောက်စရာကောင်းတာပဲ။

"မောင် ပြန်ကြရအောင် ဒီချိန်ဆိုရင် သားလေးနိုးနေလောက်ပြီ"

"အင်း ပြန်ကြတာပေါ့"

​ေနမင်းခတစ်ယောက် ချစ်ရတဲ့အမျိုးသားလေးရဲ့ပုခုံးကို ဖက်ကာ အိမ်သို့ပြန်လာခဲ့တော့သည်။

************************************

" ဖက်....ဖက်....အဲ့....ဖက်ဖက်....အဲ့...အဲ့..."

မျက်နှာပေါ် တစ်ဖက်ရိုတ်နေတဲ့ သားလေးကြောင့်နေမင်းခ နိုးလာတော့သည်။ အိပ်ရာဘေးကိုကြည့်လိုက်တော့ သားလေးရဲ့ ပါးပါးက မရှိတော့ပေ။

"ဖက်...ဘူး...ဖက်...အဲ့..ဘူး.ဘူး...ဖက်"

"သားလေး...သားသားက ဒယ်ဒီကိုနိုးနေတာလား ဟုတ်လားကွ"

"အဲ့.....ခစ်ခစ်"

သားလေးရဲ့ပါးပါးက သားကိုဝက်ဝံရုပ်အကျီလေးကိုဝတ်ပေးထားတာကြောင့် လုံးတုန်းတုန်းနဲ့တကယ်ကိုချစ်စရာကောင်းနေတော့သည်။

သားသားက ဝဝကစ်ကစ်လေး ဖြူဖြူတုပ်တုပ်လေးမို့ ဘာဝတ်ဝတ် သားသားရဲ့အသားအရေနဲ့ထင်နေတော့သည်။သားသားရဲ့ပါးပါးက ဝတ်လိုက်သမျှ အရုပ်ဝတ်စုံလေးတွေမို့ အစားမျိုးမရွေးစားတဲ့ သားရဲ့ ဗိုက်ပူပူလေးက ပူထွက်နေတော့သည်။

Together with youWhere stories live. Discover now