အပိုင်း ၇

2K 98 0
                                    


မေးတာတခြားဖြေတာတခြားမို့ သီရိတစ်ယောက်ပါးစပ်အဟောင်းသားလေးဖြင့် ကိုနေမင်းခကိုကြည့်နေမိသည်။ နက်မှောင်နေတဲ့ဆံပင် ၊ ယောကျာ်းပီသတဲ့မျက်နှာအချိုးအစားနဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်အမျိုးအစားကomegaလေးတွေသာမက Alphaအချင်းချင်းတောင်ကြွေဆင်းချင်စရာပင်။

"ဟိတ် ကိုယ်ခေါ်နေတာကြားလား"

နေမင်းခ ခေါ်သံကြားမှ အသိဝင်လာတဲ့ သီရိတစ်ယောက်ရှက်ကိုရှက်ကန်းဖြင့်

" ရှင်ခုနကဘာပြောလိုက်တာလဲ"

"အော် ခုနကမင်းကြိုက်တဲ့ လည်ဆွဲလေးကိုလေလံမဆွဲပေးနိုင်လို့ ကိုယ်တောင်းပန်ပါတယ်"

"ဟက် ရှင်တို့ Alphaတွေက အဲ့ဒီရွေငွေလက်ဝတ်ရတနာတွေနဲ့ပဲ ကျမတို့ကိုတန်ဖိုးဖြတ်တာလား"

"ကိုယ်တောင်းပန်ပါတယ် မင်းကိုလက်ဝတ်ရတနာတွေနဲ့တန်ဖိုးဖြတ်တာမဟုတ်ပါဘူး ကိုယ်ကဘယ်omegaကိုမှလက်ဆောက်မပေးဖူးလို့ပါ ပြီးတော့ ကိုယ်လက်ဆောင်ပေးရင်တောင် မင်းလက်မခံမှာစိုးတယ်"

"ဘာလို့လဲ ရှင်ဘာအလုပ်လုပ်တာလဲ"

"ကိုယ်က နိုက်ကလပ်ပိုင်ရှင်စီးပွားရေးသမားကိုယ်ရတဲ့ငွေက ဘားနဲ့အရက်သေစာကရတာ ဒါပေမယ့်မင်းကတော့ သန့်စင်တဲ့ omegaတစ်ယောက်......."

"ကျမက ရှင်တွေ့ဖူးတဲ့လူတွေနဲ့လာမနှိုင်းနဲ့ ရှင်လုပ်တဲ့အလုပ်ကတရားဝင်ရင် ရှင်ငွေတွေကအဲ့ကရရင်ရှင်လည်း မြင့်မြတ်တဲ့လူတစ်ယောက်ပါပဲ"

"ဒါဆို မင်းကိုယ့်ကိုလက်ခံနိုင်တယ်ပေါ့"

သီရိဘာမှမပြောပဲလှည့်ထွက်ခဲ့တော့သည်။ နေမင်းခလည်းသီရိနောက်ကဖြည်းဖြည်းချင်းလိုက်လာပြီး

"သီရိ ကျနော့်ကိုအခွင့်အရေးပေးဖို့မျှော်လင့်ပါတယ်"

သီရိလည်း နေမင်းခဘက်ကိုလှည့်ပြီး

"ကျမထွက်လာတာကြာနေပြီးမို့ခွင့်ပြုပါဦး"

နောက်မှာကျန့်ခဲ့တဲ့နေမင်းခကတော့ ထွက်ခွာသွားတဲ့သီရိကျောပြင်ကိုကြည့်ပြီး 'ဟက်ကနဲ' တစ်ချက်ရယ်လိုက်တော့သည်။ ပြီးတော့ထိုနေရာကလှည့်ထွက်လာခဲ့တော့သည်။

Together with youWhere stories live. Discover now