36

1.4K 54 0
                                    


အန်တီသုရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပြီးနောက် အိမ်ပြန်ရောက်တော့ နေခတစ်ယောက် ရှံးပွဲချငိုနေမိသည်။ လင်းကတော့ဘေးက နေခကိုကြည့်ပြီးမျက်ရည်ကျရင်းနှစ်သိပ်နေရတော့သည်။

"လင်း...မောင် တာဝန်မကျေခဲ့ဘူး မောင်အန်တီသုပေါ်မှာတာဝန်မကျေခဲ့ဘူး လင်းရာ မောင့် ကိုချစ်တဲ့လူတိုင်းအမြဲလိုလိုမောင့်ဆီကနေထွက်သွားကြတယ် မောင်မှာ လင်းပဲရှိတော့တာ မောင့်ကိုထားမသွားပါနဲ့လင်းရာ မောင့်ကိုထားမသွားပါနဲ့ "

"မောင်ဘာတွေပြောနေတာလဲ လင်းက ဘာလို့မောင့်ကိုထားခဲ့ရမှာလဲ လင်းတို့မှာ ကလေးလေးရှိသေးတယ်လေ မောင်နဲ့လင်းရဲ့ကလေးလေး လေ"

"ဟုတ်တယ် မောင်နဲ့လင်းရဲ့ကလေးလေး လင်း မောင်လေ လင်းနဲ့ကလေးလေးကိုအမြဲကာကွယ်သွားမှာမို့ မောင့်ဆီကထွက်မသွားပါနဲ့"

"စိတ်ချ ဘယ်တော့မှ လင်းမောင့်ဆီကထွက်သွားဘူးနော်"

လင်းကိုဖက်ပြီးလင်းရင်ခွင်မှာငိုနေတဲ့မောင်ကိုနှစ်သိမ့်ပေးရင်း ခဏကြာတော့ ငိုရင်းအိပ်ပျော်သွားတာတော့သည်။ အပူပင်ကင်းကင်း လင်းရင်ခွင်မှာအိပ်ပျော်နေတဲ့မောင့်ကိုကြည့်ပြီး လင်းသက်ပြင်းသာချလိုက်မိသည်။

အရင်ကအေးစက်စက်နေတတ်တဲ့မောင့်ကိုကြည့်မရခဲ့ပေမယ့် အခုတော့ မောင့်ငိုကြည့်ရင်းလင်းထပ်တူဝမ်းနည်းမိသည်။ ဘယ်လောက်တောင် သူရင်ထဲမှာပူလောင်နေရမလဲလေ

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"အမေ ဒါတော့ သားခွင့်မပြုဘူးနော် လင်းမှာအခုမပေါ့မပါးကြီးနဲ့ အမေလင်းကို တစ်ခုခုလုပ်ရင် သားအဆိုးအမေမဆိုနဲ့နော်"

"မြတ်မင်းတမန် မင်းဘာလို့အဲ့ဟာလေးကိုအမွှန်နေရတာလဲဟမ် သူထက်သာတဲ့omegaလေးတွေ အများကြီးပါ မင်းလို့alphaတစ်ယောက်က ဘယ်omegaကိုမဆိုခေါင်းခေါက်ရွေးလို့ရတယ် ဘာလို့သူမှလဲ"

"မသိဘူးအမေရာ သားလင်းကိုပဲချစ်တယ် လင်းကိုပဲယူမှာ သားသူ့ကိုမရရင်သေမှာ နေမင်းခကိုတော့အမေကြိုက်သလိုလုပ်လို့ရတယ် ဒါပေမယ့်လင်းကိုတော့ အမေမထိပါနဲံသားဒါပဲပြောချင်တယ်"

Together with youOnde histórias criam vida. Descubra agora