Into🌷

44.9K 557 67
                                    

(Unicode)

ငုတ်တုတ်ထိုင်တတ်နေသည့် တစ်နှစ်သမီးခလေးလေးတစ်ယောက်ဟာ ခွန်းစစ်နှင့်အတူဆော့နေလေသည်။ ပေါက်စလေးဆိုတော့လဲ လက်ခုပ်လေးတီး၍ ​မြူလိုက်သည့်အခါ ဘာမသိညာမသိနှင့်လိုက်၍ရယ်နေလေသည်။

"ဒီကောင်ညီမလေးလိုချင်နေတာဖြစ်မယ်ကွ"

"ထပ်မွေးပေါ့ခွန်းရာ "

"ကိုဥဿာကလဲ မွေးချင်တာပေါ့ဗျ ငယ့်ဆန္ဒကိုမေးကြည့်ရအုံးမှာဗျ"

"သားလဲ ၅ နှစ်ရှိပြီပဲကွာ ယူလို့ရပါပြီကွ"

"နေပါအုံးဗျာ"

ခွန်းနှင့်ကိုဥဿာဟာ ခလေးနှစ်ယောက်ပျော်နေကြသည်ကိုကြည့်၍ နောက်ခလေးထပ်ယူဖို့ပြောနေကြခြင်းဖြစ်သည်။

"ငယ့်လာပါအုံးကွ"

"ဘယ်လိုဖြစ်နေတာလဲကိုကြီးရယ် ဒီမှာအသုတ်လေးသွားသုတ်တာကို"

ဖြူငယ်ရယ် လွန်းငယ်ရယ် အသုတ်သုတ်ပြီး၍ထွက်အလာ ကိုကြီးကပြာပြာသလဲ လက်ကဆွဲ၍ထိုင်ခိုင်းလေသည်။

"ငယ့် ကိုကြီးတို့ခလေးထပ်ယူကြမလား"

"ဟော မယူပါဘူး သားတစ်ယောက်ဆိုလုံလောက်ပြီလေကိုကြီးရယ်"

"သားကညီမလေးလိုချင်တယ်နဲ့တူတယ်ငယ်ရဲ့ ကြည့် Yuri လေးအနားကကိုမခွာတာ "

"သားကလိုချင်တယ်တဲ့လား "

"လိုချင်တယ်တဲ့ငယ်ရဲ့ မယုံရင်မေးကြည့်ပါလား"

ဖြူငယ်လဲ သိချင်လှသည်ကြောင့် သားအနားလေးသွားထိုင်လိုက်သည်။

"သား "

"ဗျာမေမေ"

"သား Yuri လေးကိုချစ်လား"

ခွန်းစစ်ရှေ့က မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်း မျက်တောင်ကော့ကော့လေးနှင့် နှုတ်ခမ်းဖူးဖူးခမ်းငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။

"ချစ်တယ်မေမေ "

"Yuri လေးလိုညီမလေးလိုချင်လားသား"

အားလုံးကခွန်းစစ်၏အဖြေကိုကြားချင်နေကြ၍ နားစွင့်နေကြသည်။

"လိုချင်တယ်မေမေ"

"မေမေမွေးပေးရမလား Yuri လေးလိုညီမလေးလေ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now