8 🌿 (U)

6.3K 179 4
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၈

ခမ်းငယ်တံခါးဖွင့်လိုက်သည်နှင့် ဦးကြည်မက မျက်ထောက်နီကြီးနှင့်လာကြည့်လေသည်။ အို အစောက တံခါးဖွင့်ပေးဖို့အတင်းပြောနေတာက သူမဟုတ်တာကျလို့။

"ငါ့သမီးဘယ်မှာလဲ"

"ရှိပါတယ်ဦးကြည်မရဲ့ နေပါအုံး"

"ဘာဖြစ်ရပြန်တာလဲမယ်မင်းကြီးမရယ်"

"သဲစုလေးကိုတဂယ်မရိုက်တော့ဘူးနော် သေချာတယ်နော် "

"သေချာတယ်အေ ခေါင်းကိုလဲမရိုက်တော့ဘူး လက်ရောခြေထောက်ရော ဘယ်ဆိုဘယ်မှမရိုက်တော့ပါဘူးအေ "

"မီးမီးကစေတနာနဲ့ပါ ဒါပေမယ့်လွန်သွားမှန်းလဲသိပါတယ် ခေါင်းကိုရိုက်တော့ခလေးဉာဏ်ရည်ထိခိုက်မှာဆိုးလို့ပါ ဦးကြည်မသဲစုလေးကိုမရိုက်ရင်မီးမီးလဲအဲ့လိုမလုပ်တော့ပါဘူးလို့ ဂတိပေးပါတယ် ​တောင်းလဲတောင်းပန်ပါတယ်"

"အေးပါအေ ငါလဲရိုက်မိတာကိုး"

ဆယ်နှစ်အရွယ်ကောင်မလေးနှင့်ကို လူကြီးကြီးအလားစကားပြောနေရသည့် ဦးကြည်မ၏အဖြစ်သည် ရယ်ရခက်ငိုရခက်ဖြစ်ပေမည်။

"ညီမလေး သဲစုလေးရောခေါ်လိုက်တော့လေ"

"ဟီး ..အဲ့တာသဲစုလေးကကိုကို့အခန်းမှာ ခမ်းလေးအခန်းမှာမရှိဘူး"

"ဟော လည်လိုက်တဲ့မြေးဟေ ဟားဟား..."

ဖိုးနှင့်ဖွားက ရယ်သည့်အခါ ကိုကိုကပါလိုက်၍ရယ်လေသည်။ ထို့နောက်သဲစုလေးကို သူ့မအေလက်ထဲသို့ပြန်၍ထည့်ပေးလိုက်ရပေမယ့် စိတ်တော့မကောင်းပေ။

ဖွားလေးတို့ဆီမှပြန်၍ အိမ်ပြန်ရောက်သောအခါ ကိုကိုက ခမ်းလေးနှင့်ဦးကြည်မအဖြစ်ကိုဖောက်သည်ချလေတော့သည်။

"ဟားဟား ဖေဖေ့သမီးကတော်လိုက်တာကွာ "

"ဟီး ..တော်တာလား"

"တော်တာပေါ့ကွ လူကြီးနဲ့ရန်ပြိုင်ဖြစ်လာတာတောင်နိုင်လာတယ်လေ တော်တာပေါ့ကွ"

"ဖေဖေကလဲ အကောင်းမှတ်လို့"

"တဂယ်ပြောတာကွ သမီးလုပ်တဲ့ပုံလေးဖေဖေကြိုက်တယ် ခလေးဆန်ပေမယ့်အဆင်ပြေသွားတယ်လေ သေချာတောင်းပန်ခဲ့လို့လဲဖေဖေကချီးကျူးတယ်"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now