9 🌿 (U)

5.8K 281 7
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၉

"ညီမလေး ကိုကို့ဆီဖုန်းဆက်နော်"

"ဟုတ်"

"ကိုကိုမအားလို့မကိုင်ဖြစ်လဲကိုကိုနောက်တော့ပြန်ဆက်မယ်နော်"

"ဟုတ် "

"ကိုကို့ဆီစာတွေလဲပို့ထားနော် အပြင်သွားခါနီးကျရင်လဲကိုကို့ကိုပြော ပြန်ရောက်ရင်လဲပြောရမယ်နော်"

"ဟွန် အဲ့တာရောပြောရမှာလား"

"အွန်း ကိုကိုကညီမလေးနဲ့ပတ်သက်ရင်အကုန်သိချင်တာလေ ပြောရမှာပေါ့"

"ဟုတ်"

"ကိုကိုကညီမလေးကိုပိုင်တယ်ဆိုတာ ညီမလေးသိတယ်မလား"

"ဟုတ်ခမ်းလေးသိပါတယ် "

"စိတ်ချမယ်နော် ကိုကိုနောက်တော့လာလည်မှာပါ ညီမလေးကလဲစာကိုကြိုးစားနော်"

"ဟုတ်"

ခွန်းစစ်မှာသည်ကို ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်၍ ခမ်းငယ်လေးကနားထောင်လေသည်။ တဂယ်ဆိုခမ်ငယ်လေးနှင့်အတူနေရသည်က ပျော်ဖို့ကောင်းပါသည်။ အိမ်ပြန်ရောက်လျှင်စာတွေပဲကြည့်ရတော့မှာမို့ ခွန်းစစ်နေပြည်တော်တွင်အများကြီးပျော်ခဲ့ခြင်းဖြစ်သည်။ ညီလေးခွန်းသျှင်ကလဲ ငယ်သေးသလို ခမ်းငယ်လေးငယ်ငယ်ကလိုချစ်ဖို့ကောင်းပါသည်။ သို့ပေမယ့်လဲ မတူဘူးလေနော်။ ခမ်းငယ်လေးကသပ်သပ် ညီလေးခွန်းသျှင်ကသပ်သပ် ခွန်းစစ်နှလုံးသားထဲရှိလေသည်။

ကိုကိုနှင့်မတွေ့ရသည်က ကြာလှပြီဖြစ်သည်။ ခမ်းလေးစာမေးပွဲဖြေပြီး၍ နွေရာသီကျောင်းပိတ်သည့်တိုင်ကိုကိုတို့ကမပိတ်သေးပေ။ ကိုကို့ဆီသွားတွေ့ချင်ပေမယ့်လဲ ဖိုးလေးကချူချာနေ၍ ခမ်းငယ်တို့တစ်မိသားစုလုံးဘယ်မှမသွားဖြစ်ပေ။

"မေမေ ဖိုးလေးသက်သာလားဟင် "

"သက်သာတယ်သမီးလေး မနက်မှဖိုးလေးဆီသွားနော် ဒီညတော့ဖိုးလေးကပင်ပန်းလို့နားနေပြီ "

"ဟုတ်"

"မေမေရောပင်ပန်းနေပြီလားဟင်"

"မေမေမပင်ပန်းပါဘူး စိတ်ပဲနဲနဲလေးပေါ့"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Où les histoires vivent. Découvrez maintenant