1 🌿 (U)

13.5K 339 36
                                    

(Unicode)
Be My Bride 🌷🌿 အပိုင်း-1

ရောင်နီတွေဖျာပြီးသာယာသည့်နေ့လေးတွင်တော့ ခွန်းစစ်နှင့်စိမ်းသက်လှသည့်နေရာကြီးသို့ရောက်ရှိနေလေတော့သည်။ လေးနှစ်ပြည့်ခါနီး ခွန်းစစ်အတွက်ကတော့ ပတ်ဝန်းကျင်စိမ်းစိမ်းကြီးကြောင့် နေသားမကျသလို ဘေးတွင်ဖိုးဖိုးဖွားဖွားတို့မရှိ၍လဲ မပျော်မရွှင်ဖြစ်နေရသည်။ ဦးဦးတွေများလွန်း၍လဲ စိတ်ရှုပ်ရသည်။ တစ်ခါထဲဦးဦးတွေအများကြီးကိုတွေ့လိုက်ရသည်ဆိုတော့ ခွန်းစစ်မူးနေခြင်းဖြစ်သည်။

"ဦးဦး ဒီငါးကန်ကြီးကဘာလုပ်ဖို့ထားထားတာလဲဟင်"

"ဒါလား ဒါကဦးဦးမိန်းမအတွက်ပေါ့ကွ "

"ဦးဦးမိန်းမတွက်"

"ဦးဦးမိန်းမလေးက ငါးလေးတွေကိုချစ်လို့မွေးချင်ပါတယ်ပြောလို့ဦးဦးကသေချာမွေးပေးထားတာ"

"သားသားမေမေလဲ ငါးလေးတွေချစ်ပါရယ်"

"ဟုတ်လား သားသားအိမ်မှာရော ငါးတွေရှိလားကွ"

"ရှိတယ်"

"မွေးထားတာလား ကန်လေးနဲ့လား"

"ဟုတ်ပါဘူး ရေခဲသေတ္တာထဲမှာ "

"ဘယ်လို"

"မေမေကငါးချစ်တယ် ပြီးတော့ချက်စားပစ်တာ"

"ဟာ "

"ဟုတ်တယ် မေမေက ငါးလေးတွေကိုအိတ်လေးနဲ့ထည့်ထားတာ ပြီးရင်ကြော်ပစ်တာ သားသားလဲစားတယ်ယေ "

"အေးအေးပါကွာ"

ခလေးပီပီ သူထင်တွေ သူမြင်တာတွေပြောလာတော့ ဥဿာအချစ်ပိုရသည်။ ဒီကောင်စကားတတ်သားကွာ။

"ဟိုဦးဦး"

"ဝေ့..."

"ဟိုငါးက ကြီးကြီးနော်"

"အွန်း"

"တစ်ကောင်လောက်သားသားကိုပေးပါလားချားချင်လို့"

"ဟ "

ခလေးရဲ့ငါးအကြီးဆုံးကိုမျက်စိမလွှဲ လိုက်ကြည့်ကာပြောနေသည့်ခွန်း၏သားကိုတော့ လက်လန်ပါသည်။ အခုလေးမှအိမ်ကိုရောက်သည် အခုပဲခလေးရဲ့ငါးကိုတောင်းလာသည်။ ဒီဟာလေးတော့လေ။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now