6 🌿 (U)

5.8K 168 2
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်  အပိုင်း-၆

"ကိုကိုရေး ကျောင်းသွားမယ်လေ "

"ကိုကိုလာပါပြီ ညီမလေးရ"

ကျောင်းတတ်တာ လေးလလောက်ရှိပြီဖြစ်သောကြောင့် ခမ်းလေးဟာကျောင်းနှင့်ရင်ပါးလာကာ ကျောင်းသွားဖို့တတ်ကြွနေတတ်တော့သည်။

"ကိုကိုသိလား ဝတုတ်ကလေ ဒီနေ့သူ့အိမ်ကပန်းတွေခူးခဲ့မယ်တဲ့ စောစောလာတဲ့သူရမယ်တဲ့ အဲ့တာမီးမီးလိုချင်လို့"

"ဘာပန်းလဲညီမလေး "

"Rose"

"ခြံထဲမှာလဲရှိတာပဲ ညီမလေးလိုချင်ရင်ကိုကိုခူးပေးမယ်လေ"

"တူဘူးလေ သူ့ပန်းကရောင်စပ်စပ်လေးတွေ ဒီမှာက white ရယ် red ရယ် yellow ရယ်ဒါပဲရှိတာ သူ့လိုစပ်စပ်လေးမှရှိပဲ"

"ဟုတ်ပါပြီ ပေးလွယ်အိတ် ပြုတ်ကျမယ် "

"ဟုတ် "

အိမ်ပေါ်ကဆင်းတော့ ပြုတ်ကျမည်ဆိုး၍ ကျောပိုးအိတ်လေးကူသယ်ပေးလိုက်သည့်အခါ ခမ်းလေးဟာမျောက်လွှဲကျော်လေးလိုခုန်ပေါက်၍ဆင်းသွားလေတော့သည်။

"သမီးတို့များနော် သားခွန်းစစ်ရှိတော့ မေ​မေ့ကိုလဲမေ့ ဖေဖေ့ကိုလဲမေ့နဲ့ပါလား"

"မေမေကယဲ မီးမီးကဘယ်မှာမေ့လို့လဲ "

"ဟုတ်ပါ့ကွာ အရင်ကဆိုဖေဖေရေ မီးမီးကျောင်းသွားမို့လိုက်ပို့ဆိုပြီးလာလာပြောသေးတယ်အခုတော့ကွာ အိပ်ယာနိုးတာနဲ့ရေချိုး ပြီးရင်ကျောင်းဝတ်စုံလဲပြီး ကိုကို့အခန်းထဲတန်းသွားတာကွာ ခလေးသိလားသမီးကကိုယ့်ကိုမေ့နေပြီကွ"

သမီးရှေ့ဦးကထိုသို့ပြောလိုက်သည်နှင့် ပါးစပ်အဟောင်းသားလေးနှင့်မော့ကြည့်ကာ သူ့ဖေဖေပြောသည့်စကားများကိုအံဩနေလေသည်။

"ဖေဖေလျှောက်ပြောနေတယ် "

"ဖေဖေကရပ်ပြီးပြောတာပါကွာ ဖေ့သမီးကဖေဖေ့ကိုစိမ်းကားနေတော့ဝမ်းနည်းသွားပြီကွာ "

"ခစ်ခစ်.. ဖေဖေ့ကိုမေ့စရာလား "

သူ့ဖအေစမှန်းသိတော့ သမီးလေးဟာပြေး၍ ဦးပေါ်သို့ခုန်တတ်လေတော့သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now