15 🌿 (U)

5.7K 123 2
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- 15

ယနေ့တော့ အားလုံးဟာ ခွန်းစစ်ပြန်လာသည်ကြောင့် အိမ်တွင်လူစုံစုကာ မိသားစုထမင်းဝိုင်းစုစားကြလေသည်။ စားဖို့အရေး အရင်ချက်ပြုတ်နေကြသည်ဆိုပိုမှန်ပါမည်။ မေမေရယ် တီလေးလွန်းရယ်ဟာ အိမ်တွင်ကိုယ်တိုင်ချက်သည်ကို စားချင်သည်ပြော၍ ချက်ပြုတ်နေကြလေသည်။

"သားရေ မေမေ့ကို ငံပြာရည်အကြည်သွားဝယ်ပေးပါအုံး ကုန်နေတာမေမေမေ့နေလို့."

"ဟုတ်ကဲ့မေမေ"

ခွန်းစစ်ကားသော့ဆွဲယူလိုက်ကာ ဂိမ်းအတူဆော့နေသည့် ညီညီနှင့်ခမ်းလေးဆီ လျှောက်လာခဲ့လိုက်သည်။

"ကဲ ကိုကိုအပြင်သွားမလို့ ဘယ်သူလိုက်မလဲ"

"ညီညီ ညီညီလိုက်မယ်"

ညီညီကအားတတ်သရော ထဖြေလေသည်။

"ညီမလေးရော"

"မလိုက်တော့ဘူးကိုကို မေမေ့ကိုသွားကူမလို့"

"အွန်း အွန်း.. အဲ့တာဆိုကိုကိုသွားပြီနော်"

"ဟုတ်"

ခွန်းစစ်လဲ ညီ့ညီ့ကိုခေါ်ကာ လမ်းထိပ်မှ ဆိုင်သို့ထွက်ခဲ့တော့သည်။

"မေမေ မီးမီးလဲကူမယ်လေ"

"သမီးလေးရောကူမလို့လား"

"ဟုတ် မီးမီးလဲပျင်းလို့ကူမယ်လေ "

"အဲ့တာဆိုလဲသမီးအကျွမ်းဆုံးလုပ်တတ်တာပဲကူတော့ ဟိုမှာဗန်းနဲ့ထည့်ထားတယ်"

"ဟုတ် ခဏလေးအဲ့တာဆို"

ခမ်းငယ် ဧည့်ခန်းဆီတစ်ဖန်ပြေးခဲ့ကာ အိတ်ထဲမှလိုအပ်သည့်ပစ္စည်းကိုထုတ်ကာ ယူခဲ့လိုက်တော့သည်။ ထို့နောက်မှမေမေပြရာဆီလာကာ အောက်မှတစ်ယောက်ထိုင်အခင်းလေးယူခင်း၍ ငရုတ်သီးကိုစထောင်းတော့သည်။

"တီဖြူ ဒီကျောက်ငရုတ်စုံကအသစ်လားတီဖြူ "

"ဟုတ်ပါ့သမီးရေ တီဖြူ့ကိုရွှေကူကလက်ဆောင်ပေးထားတာ မနေ့ကမှရောက်တဲ့အသစ်လေး"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now