22 🌿 (U)

4.7K 142 2
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၂

Hotel ၏အနောက်ဆောင်ဘက် ခမ်းလေးတို့အိမ်လေးရှေ့ ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဖေဖေမေမေအပြင် ဦးဦးတို့ကပါ အနားသို့ပြေး၍လာကြသည်မှာ လျှင်မြန်လွန်းလှသည်။ လျှင်မြန်ဆို ခမ်းလေးတောင်ဆိုင်ကယ်ပေါ်ကမဆင်းရ​သေးဘူးလေ။

"သမီးလာ"

ခမ်းလေးကိုချိုင်းမှမ၍ ဖေဖေက ဆိုကယ်ပေါ်မှချပေးလေတော့သည်။

"ဖေဖေ"

"သမီးလက်ဘာဖြစ်သွားသေးလဲ နာသွားသေးလားသမီး ဟွန်.."

မေမေကခမ်းလေးလက်ကိုဖြန့်၍ကြည့်သလို ဖေဖေရောဦးဦးလေးတို့ရောကလဲ သိချင်စိ​တ်ဖြင့် ခမ်းလေးကိုကြည့်နေကြတော့သည်။

"ဘာမှမဖြစ်ပါဘူးမေမေရဲ့ မီးမီးလက်မနာဘူး အကောင်းကြီး "

"မရဘူးသမီးရာ လာလက်ကိုဆေးထည့်ပေးမယ် "

"ဦးဦးလေးကလဲ လက်ကအပေါက်လဲမရှိပဲနဲ့ဘယ်ကိုဆေးထည့်မို့လဲ အခုကဘာမှမဖြစ်တော့ဘူးလေ ယောင်တာလဲပျောက်သွားပြီ"

"လက်ကယောင်တောင်ယောင်သေးတာလား"

"ဟုတ် နဲနဲလေးပဲ ခုပျောက်ပြီဦးဦးလေးရဲ့ ကြည့် အကောင်းကြီး"

သမီးက လက်ကိုဟိုဘက်ဒီဘက်လှန်၍ပြသည့်အခါတိုင်း လွန်းငယ်တို့ရင်ပူရမြဲဖြစ်သည်။

"သမီးကိုအဲ့ကောင်တစ်ခုခုလုပ်သေးလားသမီး သမီးတစ်ခြားနေရာရောခိုက်မိသေးလား"

အစကတော့ ပူတင်းလေးအနားဘာဖြစ်၍ ဝိုင်းအုံနေကြမှန်းမသိ ဘာအကြောင်းပြောနေကြမှန်းလဲ ဆက်ဆက်မရဖြစ်နေပေမယ့်လဲ တီလေးလွန်းရဲ့ အဲ့ကောင်ဆိုသည့်စကားကြောင့် ခွန်းစစ်လည်ပင်းတို့ရှည်သွားရသည်။

"ဘယ်ကောင်လဲတီလေး "

"သမီးပါးရိုက်ခဲ့တဲ့ကောင်"

"လက်နာသွားသေးလား အဲ့ကောင်ကဘာလုပ်လို့လဲကိုကို့ကိုပြော"

ကိုကိုကပါ ဖေဖေတို့ကြားတိုးဝင်၍ ခမ်းလေးပခုံးကိုဆွဲလှုပ်ကာ ပြောလာသည့်အခါ ခမ်းလေးစိတ်တောင်ရှုပ်လာရသည်။ ရိုက်လာတာခမ်းလေးပါဆိုမှ ခံရတာမှမဟုတ်ပဲလေ။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Kde žijí příběhy. Začni objevovat