21 🌿 (U)

4.7K 186 7
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၁

"ကိုကိုရေ "

ခွန်းစစ်အခန်းထဲခေါင်းအုံးပွေ့၍ ပြေးဝင်လာသည့်ခမ်းလေးက ညအိပ်ဂါဝန်အပြာနုလေးနှင့်ဖြစ်လေသည်။

"ပူတင်းလေးဘာဖြစ်လို့လဲ"

"အိပ်မလို့လေ ကိုကိုကအလယ်ကအိပ်နော် ဟိုဘက်နဲနဲတိုးအုံး"

ခွန်းစစ်ဘေးသို့ ခေါင်းအုံးကိုချကာ နေရာကိုအသေချာပြင်နေသည့် ပူတင်းလေးကို ညီကိုနှစ်ယောက်သား လိုက်၍ကြည့်နေမိတော့သည်။

ခမ်းလေးနေရာတွေချကာ ဝင်လှဲလိုက်တော့သည်။

"ကိုကိုစောင် "

"ကိုကိုစောင်ခြုံပေးပါအုံးဆို "

ကိုကိုကစောင်ကိုပိုက်ထားသည်မို့ စောင်ခြုံပေးဖို့ပြောသည်ကို ကိုကိုကအရေးမလုပ်လေသည်ကြောင့် ကိုကို့ဆီမှဆွဲ၍ ခမ်းလေးယူခြုံလိုက်တော့သည်။

"ရေချိုးထားလို့အေးနေတာကိုကိုရဲ့ အခုမှပဲနွေးတော့တယ် "

စောင်ကိုကိုယ်လုံးနှင့် မုန့်ဖက်ထုပ်လိုထုတ်ထားသည့်ပူတင်းလေးကိုကြည့်ရင်းမှ အသိဝင်လာရသည်။

"ပူတင်းလေး"

"အွန်း"

"အိပ်လို့မရဘူးလေ "

"ကုတင်အကျယ်ကြီးကို ကိုကိုကလဲ"

"အဲ့လိုမဟုတ်ဘူးကွ ကိုကိုတို့နဲ့အတူပူတင်းလေးက အိပ်လို့မရဘူးလို့ပြောတာ"

"ဟင် ဘာဖြစ်လို့လဲ"

"ညီညီအောက်ကိုအသီးဖြစ်ဖြစ်သွားစားနေအုံး နောက် ၁၀ မိနစ်မှတက်လာခဲ့ရမယ်နော်"

"ဟုတ်ကိုကို "

"ဒယ်ဒီနဲ့မေမေကိုမပြောရဘူးနော် ကိုကိုပြောတာနားလည်လား"

ညီညီက ပူတင်းလေးကိုတစ်ချက်ကြည့်လိုက်လေသည်။

"ဟုတ် ညီညီနားလည်တယ်"

ညီညီက အောက်ကိုဆင်းသွားသည်နှင့် ပူတင်းလေးကိုစောင်ထုတ်နှင့်အတူ ဆွဲမလိုက်တော့ အထုတ်လိုက်လေးပါလာလေသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now