4 🌿 (U)

6.9K 166 3
                                    

(Unicode)
Be My Bride 🌿🌤 Ep- 4

"ခလေးလဲဆော့မလား ကိုယ်ဝင်ကြေးပေးလိုက်မယ်"

" ဦးနော်.."

"ကိုယ့်ခလေးလဲနုလို့ ၁၀ နှစ်ကျော်လေးလို့ပဲထင်မှာ လက်ခံလောက်တယ်ခလေးရ သမီးနဲ့သွားဆော့မလား"

သမီးဆော့ကစားနေသည့် ပျော့ပျော့အိအိကစားကွင်းဆီပို့နေသည့်ဦးကို ဗိုက်သို့တံတောင်နှင့်တွတ်လိုက်သည်။

"အဲ့လောက်မြှောက်မနေပါနဲ့နော် လွန်းငယ်အသက်ကြီးနေပြီဆိုတာလဲသိတယ် ခလေးလေးမဟုတ်တော့ဘူးဆိုတာလဲသိတယ်"

"အသက်တော့မကြီးသေးဘူးကွ ခလေးလေးမဟုတ်တော့ဘူးဆိုတာတော့ဟုတ်တယ် ဟက် .."

ပွဲလယ်ရောက်နေ၍ငြိမ်မလားအောက်မေ့ရသည်ကို အနားကပ်၍ပြောသွားသည်ကြောင့် မျက်စောင်းလေးထိုးပစ်လိုက်သည်။ ဦးက နှာဘူးကြီးပဲ။

ဆော့လိုက်သည့်သမီး။ ခုန်ပေါက်ကာ အပေါ်သို့တတ်လိုက် လျှောစီးလိုက်နှင့်အတော်လေးပျော်နေသည့်သမီးကြောင့် လေးယောက်သားရယ်ပြုံးနေကြတော့သည်။ ယခုတော့လဲလူမကြောက်တော့ပြီဖြစ်မည်။

"ဟောဟော ..အမလေးကွ ငါ့တူမတော့မျောက်နဲ့စပ်ကျထားသလားမှတ်ရတယ်"

"မင်း ..မင်းခေါင်လွင်မင်း ..ငါ့ခလေးကိုမျောက်လို့ပြောတာပေါ့ကွ"

"ငါ့ညီမကိုပြောစရာလား မင်းကိုပြောတာကွမင်းကိုပြောတာ "

"ငါ့ပြောလဲငါ့ခလေးထိတာပဲ ငါတို့ကလင်မယား ငါ့သမီးကလဲငါ့သမီးကွ "

"မင်းကိုဘယ်သူကရော ငါ့တူမကမင်းသမီးမဟုတ်ဘူးလို့ပြောလို့လဲ"

"မင်းပဲမျောက်နဲ့စပ်ကျထားတာဆို"

"ငါကစကားအဖြစ်ပြောတာ မင်းပဲတွေးပြီးအိုးမလုံလို့ဖင်ပွင့်နေတာ"

"မိုးခေါင် မင်းနောက်နေ့ကစပြီး ငါ့အိမ်မလာခဲ့နဲ့"

"ငါ့တူမဆီငါလာတာ မင်း​ဆီလာလို့လား  အပိုတွေ ဟားဟား .."

ခလေးနှစ်ယောက်သဖွယ် ဘာကိုငြင်းလို့ငြင်းနေကြမှန်းမသိ လွန်းငယ်နှင့် အကိုဇေလင်းကိုကြားမှထား၍ ငြင်းခုံနေကြတော့သည်။ တော်သေးသည် ပွဲခင်းထဲမှ သီချင်းသံတွေညံနေ၍ ဦးတို့အသံကြီးတွေဟိန်းထွက်၍မနေခြင်းပင်။ မဟုတ်လျှင်အရေမရ အရာမဝင်သည့်အငြင်းခုန်တွေကြောင့် စိတ်ရှုပ်ရအုံးမယ်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now