11 🌿 (U)

6.1K 196 7
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၁၁

သမီးလေးက အရွယ်လေးရောက်လာသလို အလှလေးတွေလဲ တစ်နေ့တစ်ခြားတိုးလာလေသည်။ အသားအရည်လေးက ဝင်းဝါစိုပြေ၍ လက်ကလေးများ ခြေထောက်လေးများဟာ စိုရဲ၍နေလေသည်။ မျက်နှာလေးဆို ဘာမှမလိမ်းတောင်ဥနေကာ နှုတ်ခမ်းလေးဆိုရဲနေတာမျိုးလေးနှင့် ချစ်စရာကောင်းလှသည်။ ဆံပင်လေးဆို ကျောလယ်လောက်မရှိတရှိလေးသာ အရှည်ထားထားသည့်သမီးက စည်းထားသည်သာများလေသည်။

ဦးဆီကရော လွန်းငယ်ဆီကရော အမွေရထားသည့်ထဲတွင် ရုပ်ချောတာလေးက အဓိကဖြစ်မည်။ လွန်းငယ်နှင့်တူ၍ သမီးကအရပ်ပုသည့်ထဲပါသည်။ သို့ပေမယ့်လဲ အခုမှ ၁၆ နှစ်မရှိတရှိသမီးလေးက အရပ်ရှည်အုံးမည်မို့ ပြောလို့မရသေးပါဘူးလေ။

ဒီအရွယ်အပျိုနုနုထွတ်ထွတ်လေးက ဆန်းလဲပွင့်သည်တော့အမှန်ပေ။ ကျောင်းတွင်လဲ  သမီးကိုကြိုက်သည့်လူများစွာရှိသည်ဟု လွန်းငယ်သတင်းတွေကြားရပါသည်။ သို့ပေမယ့် သမီးလေးကို လိုက်​ပြောတာမျိုး စာပေးတာမျိုးတော့ မလုပ်ကြပေ။ သူ့ဦးလေးက ကျောင်းအုပ်ဖြစ်သည်ကြောင့်လဲ ကြောက်၍ဖြစ်မည်။

ယခုချိန်ထိ ရင့်ကျက်သင့်သည့်အချိန်ဆို ရင့်ကျက်ပြီး ဆိုးနွဲ့တတ်သည်အချိန်ဆိုလဲ ဆိုးနွဲ့တတ်သည့်သမီးလေးက ကစားရသည်ကိုလဲမက်လေသည်။ ကျောင်းပိတ်ရက်မျိုးဆိုလျှင် သမီး၏အရုပ်မအခန်းထဲတွင် အရုပ်မများစွာ အင်္ကျီများစွာနှင့် အလုပ်ရှုပ်၍နေလေသည်။ ယခုတော့ ဆော့ရတာမော၍ လမ်းထိတ်အကြော်သွားဝယ်လေသည့်သမီးလေးကို လွန်းငယ်မှာပြန်မလာသေး၍ စိတ်ပူစွာဖြင့်စောင့်နေရတော့သည်။

လွန်းငယ်ဖင်တကြွကြွနှင့် စောင့်နေရင်းမှ ခြံထဲကစားပွဲတွင်စာဖတ်နေသည့်ဦးဘေးသို့ ထိုင်လိုက်တော့သည်။

"ဦး "

"ခလေးပြောလေ"

"သမီးကကြာနေသလားလို့"

"မကြာသေးပါဘူးကွ"

"ကြာပြီဦးရဲ့ ၁၀ မိနစ်ကျော်ပြီ "

"အကြော်ဆိုင်လူစောင့်နေရလို့နေမယ် ပြန်လာတော့မှာပါ ကိုယ့်ခလေးကတော့ကွာ သမီးကိုမျက်စိအောက်ကကို အပျောက်မခံပါ့လားကွ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now