12 🌿 (U)

6K 205 24
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- ၁၂

ခမ်းလေး အမရာ့အိမ်ကိုလိုက်သွားမိတော့အမရာမိဘများက နွေးနွေးထွေးထွေးကြိုဆိုသည်။ မိဘများက အမရာ့အဖြစ်ကိုသိပုံမပေါ်သည့်အခြေနေမို့ ခမ်းလေးတို့တူရီးနှစ်ယောက်မှာ တစ်ခြားအကြောင်းပြချက်ပေးလိုက်ရသည်။

"သမီးက နေမကောင်းချင်လို့ဆိုလို့ကျောင်းမလွှတ်မိတာဆရာရယ် အိမ်ထိလိုက်လာတော့အားနာလိုက်တာ "

"ရပါတယ်ဗျ ကျွန်တော်ကလဲဖုန်းကြိုမဆက်မိဘူး သမီးလေးကဆက်တယ် အမရာလေးကမကိုင်ဘူးဆိုတော့စိတ်ပူသွားလို့ပါ"

ဦးဦးလေးက ဧည့်ခန်းတွင်လူကြီးများနှင့်စကားပြောနေပြီး ခမ်းလေးကအမရာ့အခန်းထဲသို့ရောက်နေလေသည်။

"နေလို့ကောင်းရဲ့လား"

"အွန်း.. အဆင်ပြေပါပြီ အမရာဘာမှမဖြစ်တော့ဘူး"

"ခမ်းလေးကစိတ်ပူလို့လေ ဒို့တွေကကျောင်းပိတ်ဖို့လဲသိပ်မလိုတော့ဘူးမလား"

"အွန်း အမရာနောက်နေ့ကျောင်းပြန်တတ်မယ်လေ"

"တဂယ်နော်အမရာမရှိတော့ ခမ်းလေးလဲမပျော်ဘူး "

"တဂယ်ပါ အမရာမနက်လာခဲ့မယ်"

အမရာ့အပြောကြောင့်ပျော်သွားရသည့်ခမ်းလေးမှာ ကုတင်ပေါ်ထိုင်နေရင်းမှ အမရာ့ရဲ့အခန်းအပြင်အဆင်ကိုလိုက်ကြည့်မိသည်။ အခန်းက နဲနဲတော့တစ်မျိုးကြီးဖြစ်လေသည်။ သရဲပုံတွေကိုချိတ်ထားသလို ကြောချမ်းစရာမို့ ခမ်းလေးလက်ဖျားတွေအေးလာရသည်။

"ခမ်းကကြောက်လို့လား"

အမရာမေးသည်က အနီးလေးတွင်ထိုင်၍ဖြစ်ပေမယ့် အခန်းကိုငေးနေမိသည့်ခမ်းလေးမှာ လန့်သွားရသည်။

"ဟို ..နဲနဲပေါ့ အမရာကသရဲဇာတ်ကားတွေကြိုက်လို့လား"

"အွန်း ..သရဲဝတ္ထုတွေရောသရဲစာအုပ်ရော အမရာကအကုန်ကြိုက်တယ် "

"ခမ်းလေးကသရဲတော့ကြောက်တယ်တော့ "

"အမရာက အမှောင်ထဲမှာစွမ်းအားရှိတဲ့ပုံစံကိုကြိုက်တာ ဟွန်း.. မိုက်တယ်မလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now