14 🌿 (U)

6.5K 215 4
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- ၁၄

"မေမေ"

ခွန်းစစ်မေ့မေ့ကို ပြေး၍ဖက်လိုက်တော့သည်။

"ဟယ်.. မေမေ့သားကထွားလာလိုက်တာသားရယ် မေမေဖြင့်မှတ်တောင်မမှတ်မိချင်ဘူး"

"မေမေ့သားက လူပျိုကြီးဖြစ်နေပြီလေဗျာ မေမေ့ကိုလွမ်းနေတာဗျ အခုထိမေမေကနုလို့လှတုန်းပဲလား"

"ဒါပေါ့ကွ ဒယ်ဒီကစိတ်ချမ်းသာအောင်ထားတော့ မင်းမေမေကလှလို့နုလို့ပေါ့"

ခွန်းစစ်ဒယ်ဒီ့ကိုရယ်၍ကြည့်ကာ ဒယ်ဒီ့ကိုထပ်၍ဖက်လိုက်တော့သည်။

"ဒယ်ဒီ့ကိုလဲလွမ်းနေတာဗျာ "

ထို့နောက်မှ ဖက်ထားရင်းနှင့် baby လေးကိုမြင်နေရသည်မို့ကြည့်မိတော့ ခွန်းစစ်ကိုကြည့်ရင်းနှင့်အိုးတို့အန်းတန်းဖြစ်နေပုံလေးကို တွေ့လိုက်ရသည်။

"ဖေ့သားကြီးလူပျိုကြီးဖြစ်နေပြီပဲကွ "

သား၏ပခုံးကိုဆုပ်ကိုင်၍ ခွန်းစေရာဂုဏ်ယူနေမိသည်။ သားကြောင့် မျက်နှာပျက်ရသည်ဟူ၍ ယခုထိမရှိသေးပေ။ သားက သားလိမ္မာပဲကွ။

"ဒယ်ဒီနဲ့တူလို့နေမှာဗျ ဒါပေမယ့်သားကပိုချောတယ်နော်"

"ဟားဟား... ဒါတော့ဘယ်ဟုတ်မလဲကွ မင်းဒယ်ဒီကပိုချောတာပေါ့ကွ ဟုတ်တယ်မလားငယ်"

ဒယ်ဒီက မေမေ့ပခုံးကိုဖက်၍ ရယ်၍ပြောလာလေသည်။

"အို... သားငယ်လေးကနှစ်ယောက်လုံးထက်ချောတာပါနော်"

မေမေကပြောတော့ အောက်မှညီငယ်လေးကိုငုံ့ကြည့်မိတော့ ခွန်းစစ်လက်ကိုညီလေးက လာဆွဲလေသည်။

"ဟား... ညီလေးကအကြီးကြီးဖြစ်နေပြီပဲကွ"

ချီဖို့ကြီးနေပြီဖြစ်ပေမယ့်လဲ ခွန်းစစ်သွားတုန်းကဒီကောင်က ကျောင်းတောင်တတ်သေးတာမဟုတ်တော့ လွမ်း၍မချီလိုက်တော့သည်။

"ကိုကိုညီညီ့ကိုလွမ်းလား"

"လွမ်းတာပေါ့ကွ "

"ညီညီလဲလွမ်းနေတာ ကိုကိုအရမ်းချောလာတာပဲ ညီညီအခန်းထဲမှာ ဂုဏ်ဆာလို့ရပြီ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now