2 🌿 (U)

9.2K 222 17
                                    

(Unicode)
Be My Bride 🌿🌤 Ep-2

"ဖေဖေရေ့"

"အမလေးဗျ နိုးလာပြီလားကွ "

စာဖတ်နေသည့်ဥဿာဆီပြေး၍ဖက်တတ်သည့်သမီးလေးကို ဥဿာပွေ့ချီထား၍ကြည့်လိုက်ရာ ထုံးစံအတိုင်း မျက်နှာမသစ်ရသေးပေ။

"အိပ်ရေးဝလာလားပြောပါအုံး"

"မီးမီးခုမှနိုးတာ ကြည့် တစ်ချောင်းပိုသွားပြီ "

ဥဿာလက်ကနာရီကိုဆွဲယူပြီ ပြလာသည့်ဉာဏ်ကောင်းလွန်းသည့်သမီးကြောင့် ပါးလေးကိုနမ်းလိုက်တော့သည်။ သမီးလေးရဲ့အိပ်ချိန်ကို ည ၉ နာရီမှစ၍ မနက် ၆ နာရီထိသတ်မှတ်ထားပြီး သမီးသိအောင်လဲ နာရီလက်တံကိုမှတ်၍ထားခိုင်းထားသည်။ ယခုတော့ ၇ နာရီတောင်ထိုးပြီမို့ နာရီကိုပြ၍ တစ်ချောင်းပိုသွားပြီဟုသမီးလေးကပြောလာတော့ ဥဿာမှပျော်နေရခြင်းဖြစ်သည်။

"လာ ဖေဖေမျက်နှာသစ်ပေးမယ်နော်"

"ဟုတ် "

ဥဿာတို့သားဖ ရေချိုးခန်းထဲသီချင်းသံညံ၍ရှိနေကြတော့သည်။ သီချင်းဆိုသိပ်ကြိုက်သည့်သမီးက သီချင်းဖွင့်ပြ ဆိုပြလျှင် ဖင်လေးလှုပ်၍ကပြတတ်ပါသည်။

"ဘာအရောင်လေးဝတ်မလဲပြောပါဗျာ"

"Red"

"ဟုတ်ပြီ "

သမီး၏အဝတ်စားဘီရိုထဲမှ အနီရောင်ဂါဝန်လေးကိုထုတ်လိုက်တော့သည်။ သမီးလေးကို အရောင်လေးတွေနှင့် လွယ်ကူသည့်စကားလုံးလေးများကို အင်္ဂလိပ်လိုလေးရော၍သင်ပေးထားသည်မို့ သမီးလေးကပြောတတ်နေခြင်းဖြစ်သည်။

"ဖေဖေ "

ဥဿာလက်ကိုကိုင်၍ စကားပြောရန်ပြင်နေသည့်သမီးလေးကို စိတ်ရှည်စွာစောင့်ပေးလိုက်သည်။ ဘာလို့ဆိုသမီးလေးက စကားပြောဖို့အရေး အားယူနေသည်မဟုတ်လား။

"မီးမီး မီးမီးကခါးခါးလိမ်းချင်တာ"

"ခါးခါးလူးမှာပေါ့"

"လိမ်းမှာပါချို"

"တူတူပဲလေသမီးရယ် သနပ်ခါးလူးတာနဲ့ သနပ်ခါးလိမ်းတာနဲ့ကအတူတူပဲဖေဖေ့သမီးရဲ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now