23 🌿 (U)

4.2K 160 4
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၃

ဒီနေ့သင်တန်းပိတ်ရက်လေးမို့ ခမ်းလေးတစ်နေကုန်အားနေသလို ခဏနေကိုကို့အလုပ်ဆီ သွားလည်မည်ဖြစ်သည်။ အရင်နေ့က ရောက်ဖူးပေမယ့်လဲ ဒီနေ့လေးတော့ တစ်နေ့လည်ခင်းလုံးသွားနေဖို့စီစဉ်ထားသည်မို့ မနက်ခင်းကတည်းက ဘာဝတ်သွားရမလဲ စဉ်းစားနေမိသည်။

"မေမေ မီးမီးအင်္ကျီအသစ်လေးရော"

"သမီးဘယ်ဟာလေးလဲ"

"မိတ်ကပ်ရောင်လေးလေ လက်တစ်လုံးကြိုးလေးနဲ့လေမေမေ"

"အသစ်မလို့မေမေလျှော်ထားတယ်သမီး "

"ဟွန် ..လျှော်လိုက်ပြီလား"

"သမီးဝတ်မလို့လား ခဏနေလျှောက်လောက်မယ်သမီးရဲ့ မေမေမနက်အစောထဲကလျှော်ပြီးလှမ်းထားတာ "

"ဟုတ်မေမေ မီးမီးနေ့လည်အဲ့တာလေးဝတ်ချင်လို့ မေမေပြောတယ်လေ မီးမီးကအဲ့အရောင်လေးနဲ့လိုက်တယ်ဆိုလို့လေ"

"အွန်းမေမေ့သမီးကဘာဝတ်ဝတ်လှတယ် နေ့လည်တော့လျှောက်မှာပါသမီးရဲ့"

"ဟုတ်"

ခမ်းလေးမှာ မေမေနှင့်ပြောပြီးထဲက အင်္ကျီလေးကိုပြေး၍ လျှောက်ပြီလား စိုနေသေးလားနှင့် ခဏတိုင်းသွားသွားကြည့်နေရ၍ အသားလေးတွေတောင် နေလောင်နေပြီဖြစ်သည်။

"အမလေး တော်သေးတယ်လျှောက်လို့ "

ငါးခေါင်မြောက်သွား၍ စမ်းကြည့်ကိုင်ကြည့်သည့်အချိန်တွင်တော့ အင်္ကျီလေးဟာ အကုန်လုံးနီးပါ ​ခြောက်နေပြီဖြစ်၍ စိတ်ချမ်းသာသွားရသည်။

"အင်္ကျီလဲခြောက်ရော လူလဲကုလားမဖြစ်ရော ဟူး... ဒုက္ခ ဒုက္ခ ကိုကို့ဆီလှလှလေးသွားချင်တဲ့ဒုက္ခပါလားနော်"

ခမ်းလေးရေချိုးပြီးသည်နှင့် သေချာ skin care ကာ အင်္ကျီလေးဝတ်လိုက်တော့သည်။

"ဦးဦးလေး ဒိုးကြမယ် ပြီးပြီ"

"ဟော.. သမီးကလှလို့ပါလားကွ"

ဦးဦးလေးက ကားသော့ကိုင်ကာ ခမ်းလေးကိုကြည့်၍ဆိုလာလေသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now