7 🌿 (U)

6.4K 181 17
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၇

ဖွားတို့ဆီတွင်ညအိပ်ရသည်မှာပျော်ဖို့ကောင်းလှသည်။ ဘာလို့ဆို ည ၁၀ နာရီလောက်ထိခလေးများနှင့် အိမ်ရှေ့တွင်ကစားကြခြင်းကြောင့်ပင်။ ထုတ်ဆီးထိုးတိုင်းကစားသည့်အခါ သိပ်ပျော်ဖို့ကောင်းသည်။ ရေများဖြင့်စည်းတွေတားကာ ပြေးလွှားဆော့ကစားရသည်ကိုနှစ်သက်လှပါသည်။နောက်ရက်တွင်တော့ တစ်ရက်လုံးဖွားလေးတို့အိမ်တွင်သာနေဖြစ်တော့သည်။

မေမေတို့ကနှစ်ရက်လောက်သာနေ၍ ပြန်လာကြမည်ဟုဖုန်းဆက်လေသည်။ သီတင်းကျွတ်ကို မိသားစုအတူပျော်မည်ကြောင့်တဲ့လေ။

"ဦးဦးလေး "

"ဝေ့"

"မီးမီးဝယ်ခိုင်းထားတဲ့အရုပ်လေးရော"

"ဟားဟုတ်သားပဲကွ"

"ဟွန့်မေ့ပြန်ပြီလား"

"ဦးဦးလေးကမေ့တာတော့မဟုတ်ဘူးသမီးရ ဦးဦးမေးထားတဲ့ဆိုင်ကစာမပြန်သေးတာ"

"အဲ့တာဆိုနောက်ဆိုင်​ပြောင်းမှာပေါ့ မီးမီးကသီတင်းကျွတ်ကျောင်းပြန်ဖွင့်ရင်သူငယ်ချင်းတွေကိုပေးချင်တာကို"

"ဟုတ်ပြီ ဦးဦးလေးနောက်တစ်ဆိုင်ပြောင်းမှာလိုက်မယ် သမီးလိုချင်တဲ့အမွှေစိန်လေးတွေပဲသေချာမှာပေးမယ်"

"ဟီး ဟုတ် .."

ဦးဦးလေးဘေးထိုင်၍ ခမ်းငယ်အမွှေစိန်လေးကားထိုင်ကြည့်နေလိုက်သည်။ ဖိုးနှင့်ဖွားကတော့ တရားစာအုပ်ဖတ်နေကြလေပြီး ဦးဦးလေးကိုပူဆာနေသည်ကို ပြုံးပြုံးကြီးနှင့်နားထောင်နေကြတော့သည်။

"ဟော မေမေတို့လာပြီထင်တယ် "

"ဟုတ်မယ်ကွ လာသွားကြိုရအောင်"

ဦးဦးလေးလက်ကိုဆွဲ၍ အိမ်ရှေ့ထွက်လိုက်သည့်အခါ ဖေဖေတို့ကားလေးကဝင်လာလေသည်။

"ဦးဦးလေးသိလား မီးမီးမှာထားတဲ့ဟာဖေဖေမေ့လာရင် ဖေဖေ့ကိုစိတ်ဆိုးမှာ "

"ဟုတ်ပြီကွ တစ်ညလုံးဆိုးပစ်"

"အွန်း မီးမီးအကြောင်းသိတယ်မလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now