17 🌿 (U)

5.7K 182 5
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- 17

ကိုကိုနှင့်သင်တန်းပြီးသော် အန်ကယ်တေဇဖွင့်ထားသည့် Za Hotpot ဆိုင်ကြီးသို့ ခမ်းလေးကို ကိုကိုကခေါ်လာခဲ့တော့သည်။

"ကိုကိုပြောတော့သွားစရာရှိတယ်ဆို"

"အေးလေ ဒီကိုလေ Hotpot ဆိုင်လေ "

"က်ိုကို.."

ခမ်းလေးမှ ကားလေးဘေးတွင်ရပ်၍ လက်ပိုက်ကာ ခွန်းစစ်ကိုကြည့်လာလေတော့သည်။

"ကိုကိုဗိုက်ဆာလို့ကွ အန်ကယ်ဇနဲ့လဲတွေ့ချင်လို့"

"အဲ့တာဆိုလဲကိုကို့ဘာသာသွားပေါ့ ကိုကိုကအရေးကြီးတယ်ဆိုလို့ခမ်းလေးကသင်တန်းကမမတွေနဲ့တောင်လိုက်မသွားရဘူး ကိုကိုနော် ကိုကို..."

အံကျိတ်ကာပြောလာသည်က ခွန်းစစ်ကိုကြိုမပြော၍စိတ်ဆိုးနေသည့်ပုံဖြစ်သည်။ သင်တန်းကလူတွေနဲ့သွားစရာရှိတာလဲ သူမှသိမနေပဲ။

တစ်ယောက်ကလဲ ကားဘေးကမခွာ လက်ပိုက်ကာနှုတ်ခမ်းဆူဆူနှင့်ရှိနေသလို နောက်တစ်ယောက်ကလဲ အငေါက်ခံရအဆူခံရ၍ ဘာမှမပြောရဲသည့်ပုံစံနှင့် ကုတ်ကုတ်ခလေးရပ်နေသည့်မြင်ကွင်းကို တံခွန်လဲ လက်ပိုက်၍သာ ဘေးမှကြည့်နေလိုက်သည်။ ဒီကောင်ဒီလောက်ထိ ဖြစ်ပျက်နေတာ ယခုမှမြင်ဖူးသည်မဟုတ်လား။ ကြည့်ရခဲသည်ကြည့်ထားမှဟု အားခဲကာနေမည်ကြံသော်လည်း သူပါအကြာကြီးရပ်နေရမည်ဆိုး၍ တံခွန်ဝင်ပါရန်သာ ဖြစ်တော့သည်။

"လာပါညီမရဲ့ အကိုတို့အတူတူမိတ်ဖြစ်ဆွေဖြစ်စားကြတာပေါ့ နောက်ဆိုအကိုလဲအလုပ်နဲ့ဆိုတော့ ဒီလိုအတူစားဖို့ကမဖြစ်နိုင်တော့ဘူးကွ"

"ဟုတ် အဲ့တာဆိုသွားမယ်လေအကို.

ဟော.. သူများကျတော့ရယ်ပြုံး၍ ခွန်းစစ်ကိုကျတော့ဂျိုကြည့်ကြည့်နေသည့် အပျိုပေါက်လေးကို ခွန်းစစ်မှာအူတွေယာလာရတော့သည်။

"အန်ကယ်ဇ"

"ဟားဟား မတွေ့တာကြာတော့ ငါ့တူကြီးကချောလို့ခန့်လို့ကွာ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now