27 🌿 (U)

3.3K 151 10
                                    

ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် 📖🌿 အပိုင်း- ၂၇

"ကိုကိုပုံတွေအများကြီးပဲရိုက်ပေးထားတာ လှလှလေးတွေမေမေရဲ့သိလား"

"မေမေ့ကိုပြပါအုံး"

"ကိုကို့ဖုန်းထဲမှာ မီးမီးသွားယူလာခဲ့မယ်"

မိသားစုတစ်တွေ ဘုန်းကြီးကျောင်းမှပြန်လာ၍မောကာ ထိုင်နေကြသလို ခမ်းလေးတစ်ယောက်သာတတ်ကြွ​သူတစ်ယောက်ဖြစ်လေသည်။

"ကိုကို ကိုကိုရေ"

"ကိုကို့ "

"ဟေ့ ကိုကိုရေချိုးခန်းထဲမှာကွ"

"ကိုကို့ဖုန်းရောဟင် ဖုန်း"

"ကိုကို့ဖုန်း အဲ့ရှေ့ကခုံပေါ်မယ်လေပူတင်းလေး"

"အော် ရှာကြည့်အုံးမယ်ကိုကို"

ခုံပေါ်တွင် ဖုန်းကိုတွေ့သော်လည်း lock ကြီးကြောင့်​ဖွင့်မရပေ။ ငယ်ငယ်တုန်းကဆိုလျှင် ကိုကို့ဖုန်းက lock မခက်ပဲ ခမ်းလေးစိတ်တိုင်းကျ ဖွင့်ကြည့်နေကျပေမယ့် ယခုကျတော့ lock ကြီးနှင့်ဖြစ်၍ ထိုင်ကာပက်နှိပ်လိုက်သည်။

"ကိုကို့ဟာကြီးကဖွင့်လို့လဲမရဘူး "

နံပါတ်မျိုးစုံနှိပ်၍ဖွင့်ကြည့်ပေမယ့် မရသည်ကြောင့် နှုတ်ခမ်းမှာ Auto ဆူလာရတော့သည်။

"ကိုကိုမပြီးသေးဘူးလား"

"ကိုကိုမပြီးသေးဘူးပူတင်းလေး ခဏကြာမယ်"

"ကိုကို့ဖုန်းကဖွင့်မရဘူးလေ"

"အော်ဟုတ်သားပဲ ကိုကို lock ကြီးခက်ထားတာပဲ lock က ပူတင်းလေးမွေးနေ့ နှိပ်ကြည့်လိုက်နော်"

"စောစောပြောပေါ့ကိုကိုရဲ့ ခမ်းလေးကတစ်ခြားဟာနှိပ်နေတာအကြာကြီးရှိပြီကို ဟွန်း..."

ခေါင်းလျှော်နေသည့်ခွန်းစစ်မှာ ပူတင်းလေးအပြောကြောင့် အပြင်တွင်နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးသယောင်လေးရှိနေမည့်ပုံကို မြင်ယောင်မိ၏။

မွေးနေ့ဟုပြောသည်ကြောင့် ရိုက်ထည့်သော်လည်းပွင့်မလာသည့်ဖုန်းကြောင့် စိတ်မကြည့်တော့ပေ။

"ကိုကိုတံခါးဖွင့်"

"ကိုကိုရေချိုးနေတာလေပူတင်းလေး"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now