13 🌿 (U)

5.8K 217 25
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- ၁၃

ထိုအဖြစ်ပျက်ကြီးအပြီးတွင်တော့ ခမ်းလေးအိမ်တွင်စာလုပ်ရန်သာစီစဉ်လိုက်တော့သည်။ စာမေးပွဲဖြေမှသွားဖြေဖို့လုပ်ထားသည်မို့ အိမ်မှာရှိနေသည့်အတွင်း ခမ်းလေးစိတ်တည်ငြိမ်အောင်ကြိုးစားရသည်။ မေမေပြောသလိုခမ်းလေးကအရွယ်ရောက်လာသည်မိန်းခလေးမို့ ဤလိုကိစ္စတွေရှိတာမဆန်းပေမယ့်လဲ ခမ်းလေးအတွက်ကပထမဆုံးကြုံရသည်အဖြစ်မို့ ခမ်းလေးစိတ်တော့အနည်းငယ်ထိခိုက်မိသည်။ ဤခံစားချက်ကြီးက တစ်မျိုးကြီးမို့ ကျင့်သားမရခမ်းလေးတုန်လှုပ်မိသည်မှာလဲ လွန်မည်ဟူ၍တော့မထင်ပေ။

"ကိုကို.."

"ရှိပါ့ဗျာ"

"ကိုကိုစိတ်မဆိုးပါနဲ့နော် "

"ကိုကိုလား.. ကိုကိုစိတ်မဆိုးပါဘူး စိတ်တိုတာ"

"ကိုကိုပြန်လာမယ်ဆိုလို့"

"အွန်း ..ကိုကိုအကုန်သိမ်းဆည်းပြီးပြီ"

"အဲ့လိုတော့မလုပ်နဲ့လေကိုကိုရဲ့ ကိုကိုပြန်မလာပါနဲ့အုံး ခမ်းလေးအဆင်ပြေတယ် "

"မရဘူး ကိုကိုကအဲ့ကောင်ကိုထိုးချင်သေးတာ"

"ခမ်းလေးကအဲ့အဖြစ်ပျက်ကြီးကိုမေ့လိုက်ပြီကိုကိုရဲ့ ကိုကိုပြန်လာရင်လေ ခမ်းလေးကပြန်တွေးမိနေမှာ "

"ညီမလေးကကွာ.."

"ခမ်းလေးကစာမေးပွဲလဲနီးပြီလေ ကိုကိုခမ်းလေးကိုစိတ်ညစ်စေချင်လို့လား"

ကိုကို့ဘက်ကဘာမှမပြောပဲ ဟွန်းဆိုသည့်သက်ပြင်းချသံသာကြားရသည်။

"ကိုကိုနော် ကိုကိုက အလွန်ဆုံးကျန်လဲနောက်ထပ်တစ်နှစ်လောက်ဆိုကိုကို နေလိုက်အုံးနော် ကိုကိုပြီးမှပြန်လာခဲ့လေနော် ခမ်းလေးကအဆင်ပြေတယ် ကိုကို့ကိုခမ်းလေးကစောင့်နေမှာလေကိုကိုရဲ့နော်..."

"ကိုကိုလဲဂတိတည်ရမယ်လေကိုကိုရဲ့ ကိုကိုဘာပြောသွားလဲ ကျောင်းပြီးဆုံးအောင်တတ်ပြီးဘွဲ့ရမှပြန်လာမယ်လို့ကိုကိုပြောသွားတာလေ ကိုကိုလဲကိုကို့ဂတိကိုတည်ရမယ်လို့မထင်ဘူးလား..."

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now