5 🌿 (U)

6.9K 184 5
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၅

"အီး ဖေဖေရေ မေမေ့ရေးဦးဦးရေး.. ကယ်ပါအုံးချို"

သမီးလေးအသံသေချာသွားသလို သမီးရှိသည့်နေရာသို့မှန်း၍ပြေးလာမိသောအခါ အနည်းငယ်မြင့်သည့်အုတ်တံတိုင်းနံရံပေါ်တွင် သမီးလေး၏ လက်ပေါက်စနလေးများကိုတွေ့လိုက်ရတော့သည်။

"သမီးသမီး.."

"ပေပေလား မီးမီးကိုခေါ်ပါအုံး ဟင့်.."

အုတ်တံတိုင်းပေါ်သို့ခုန်တတ်လိုက်သည့်အခါ တွဲလောင်းလေးခိုထားသည့်သမီးလေးကိုတွေ့လိုက်ရသည်။ ဥဿာမှာ စိတ်ကထောင်းကနဲဆို သမီးကိုစိတ်ပူသည့်စိတ်များစုပြုံဝင်လာကာ သမီးလေးကိုအပေါ်ဆွဲတင်လိုက်သည့်အခါဖိနပ်တစ်ဖက်ကျွတ်လျှက်နှင့် သမီးလေးဟာပါလာလေတော့သည်။

"အီး .."

"သမီး သမီးလေး"

"ဟင့်.. မေမေ "

သမီးလေးဟာ ခလေးရင်ခွင်ထဲတွင် တစ်ဆက်ဆက်တုန်၍ အသဲသည်ငိုနေလေတော့သည်။ သမီးလေး၏လက်တွင်လဲသွေးများရဲ၍ သမီးကိုခလေးကတင်းကျပ်စွာဖတ်ထားကာ သားမိနှစ်ယောက်ဖက်ကာငိုနေကြသည်ကို ဘေးမှကြည့်၍ ဥဿာလဲစိတ်မကောင်းလှပေ။ ကျောင်းသို့ပထမဆုံးပို့သည့်နေ့မှာပင် ငရဲလောက်ပူလောင်နေရသည်မို့ သမီးလေးကိုကျောင်းတောင်မပို့ချင်တော့ပြီဖြစ်သည်။

"ဘယ်လိုဖြစ်ရတာလဲခမ်းထည်ရာ "

"နံရံပေါ်ကျော်တတ်ဖို့လုပ်ရင်းကခိုက်မိတာခေါင်လွင်"

"များသွားသေးလား ဆေးရုံဘာလို့မခေါ်ခဲ့တာလဲ "

"သမီးကဆေးရုံမသွားဘူးသူ့ဦးရှိတယ်ပဲလုပ်နေလို့ကွ  "

"သမီးကလဲကွာ"

သူ့ဦးလေးဖြစ်သူက ဆရာဝန်ဆိုတာတော့သမီးသိသေးသားပဲလေ။

"လက်ကများသွားလား"

"လက်ဖဝါးလေးတွေကနုတော့ အတော်လေးခိုက်မိကုန်တယ်ကွ ငါသေချာဆေးထည့်ပြီးစည်းပေးထားတယ် အနားရှိန်တော့တတ်မယ်ထင်တယ်ခေါင်လွင် မင်းဆေးအိတ်တွေပါလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Unde poveștirile trăiesc. Descoperă acum