3 🌿 (U)

7.9K 199 2
                                    

(Unicode)
Be My Bride 🌿🌤 Ep- 3

"အကိုခွန်းက ဘယ်တော့လောက်ပြန်မလဲ"

"မနက်ဖြန်လောက်ပြန်မယ်ငါ့ညီမ"

"နေပါအုံးလားကွာ "

"မနေတော့ဘူးကွ လပြည့်နေ့လဲရောက်ပြီဆိုတော့ အိမ်ကသက်ထားလေးနဲ့အတူနွှဲမလို့ ပြန်မှရမှာ "

"ဟားဟား ဟုတ်ပါပြီကွာ မတားတော့ပါဘူးကွာ"

ထမင်းစားရင်းမှ သားဖြစ်သူငြိမ်နေသည်ကို ခွန်းစေရာသတိထားမိသည်။

"သားဘာဖြစ်လို့လဲ ပြောစရာရှိလို့လား"

"ဟုတ်"

"ပြောလေသား"

"ဒီမှာနေခဲ့လို့ရလားဒယ်ဒီ"

"သားကပြန်မလိုက်ချင်လို့လား"

"ဒီမှာက ဇာတ်ပွဲလဲရှိတယ်ဆိုလို့ သားတစ်ခါမှမကြည့်ဖူးလို့ဒယ်ဒီ နေခဲ့လို့ရမလား"

"သားဖွားတွေနဲ့အတူရန်ကုန်မှာသွားကြည့်လို့ရတာပဲ သားမေမေကလဲသားကိုလွမ်းနေပြီတဲ့လေ သားပြန်လိုက်ခဲ့လေကွ"

ခွန်းစစ်လဲမေမေ့ကိုသတိရပါသည်။ သို့ပေမယ့် ဒီမှာလဲနေခဲ့ချင်လှသည်။ လပြည့်နေပြီးမကြာပါ ကျောင်းကပြန်တတ်ရတော့မည်မို့ ခမ်းလေးကိုလဲမတွေ့ရတော့ဖို့ကသေချာနေပြီမဟုတ်လား။ သို့ပေမယ့်ခမ်းလေးနှင့်လဲ လပြည့်နေ့ဇာတ်ပွဲသွားကြည့်ချင်လှသည်။ ခွန်းစစ်အကြာကြီးတွေးပြီးမှ ခေါင်းငြိမ့်လိုက်သည်။ ညီမလေးနှင့်ဆော့ချင်သေးပေမယ့်လဲ မာမီရှိသေးသည်မို့ နောက်မှဟုတွေးလိုက်တော့သည်။

"သမီးကိုဘယ်လိုပြောမလဲကွခမ်းထည်"

"မနက်ဖြန်ဘယ်ချိန်လောက်ပြန်မလဲ "

"ညပဲဆင်းမလို့ မနက်အစောရောက်အောင်လို့ကွာ"

"အဲ့တာဆိုရင်တော့အဆင်ပြေပါတယ် ပြောစရာတော့ရှိတယ် မီးစဉ်ကြည့်ကတာပေါ့ကွာ"

လွန်းငယ်တော့ရင်လေးမိသည်။ ဦးကတော့လေ။

သားလေးခွန်းစစ်အပေါ် အတော်လေးသံယောဇဉ်ကြီးသည့်သမီးလေးဟာ သားလေးအလည်လာသည့်အချိန်ထဲက သားလေးအနားကမခွာ သူ့ကိုကိုမှကိုကိုဖြစ်နေတတ်သည်။ အဖိုးအဖွားအိမ်သွားဖို့တောင်မေ့နေခဲ့သည်မဟုတ်လား။ ယခုညတော့သားလေးပြန်တော့မည်ဆိုတော့ သမီးလေးကိုသနားမိသည်။ သူ့ခမျာ အဖော်မက်ရှာတာကိုး။ အိမ်ဘေးမှာကလဲ သမီးနဲ့ရွယ်တူ ကစားဖော်ကမရှိ။ အမြဲ သူ့အဖိုးအဖွားအိမ်မဟုတ်ရင် Hotel နှင့်အိမ်တွင်သာ အချိန်ကုန်နေရတတ်သည်။ ယခုတော့ သားလေးကပြန်တော့မည်ဆိုတော့ သမီးလေးစိတ်မကောင်းဖြစ်မှာကျိန်းသေသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Waar verhalen tot leven komen. Ontdek het nu