18 🌿 (U)

5.5K 172 5
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- 18

ကိုကို့နို့ကိုသွားကိုင်ပြီးအိပ်လိုက်ရသည့်ညဟာ ခမ်းလေးအတွက်ထင်သလောက်မလွယ်ကူခဲ့ပေ။

ကိုကိုကခမ်းလေးကို အိမ်မက်ထဲမှာငါ့နို့ကိုင်ခဲ့လို့ရိုက်မှာဆိုပြီး လိုက်ရိုက်နေသည်တဲ့လေ။ အမလေး တစ်ညလုံးအိမ်မက်ထဲမှာပြေးလိုက်ရတာဆိုတာလေ ခမ်းလေးဖြင့်အိပ်လိုက်ရသည်လို့တောင်မထင်မိ တဂယ်ကြီးအပြင်မှာဖြစ်နေသည့်အတိုင်းကြီးမို့ပင်။ ထို့ကြောင့် အိပ်ယာနိုးနိုးချင်း ခမ်းလေးရေတစ်ခွက်ကို အရင်ဦးစွာသောက်လိုက်တော့သည်။ ဝမ်းထဲသို့အေး၍ အမြှောင်းလိုက်ကြီးဆင်းကျသွားသည့်ရေများနှင့်အတူ နေလို့ထိုင်လို့ကောင်းလာလေတော့သည်။

ခမ်းလေးရေချိုးဖို့ပြင်ဆင်ကာ ရေချိုးခန်းသို့ဝင်လိုက်ပြီး ခြေသလုံးအထက်မှနေ၍ ရေကိုအေးနေအောင်လောင်းလိုက်တော့သည်။ ထို့နောက် ခြေဖျားလေးထောက်လိုက် ချလိုက်နှင့် အကြိမ် နှစ်ဆယ်လောက်လုပ်လိုက်သည့်အခါ ခြေဖျားမှနေ၍ အပူများထွက်သွားလေတော့သည်။ ထို့နောက်မှ သွားတိုက် လက်တွေလောင်း မျက်နှာသစ်ကာ ခမ်းလေးရေချိုးလိုက်တော့သည်။

ဒီနေ့လဲ သင်တန်းကပိတ်သေးသည်မို့ ကိုကိုကလျှောက်လည်ဖို့လာခေါ်အုံးမည်ကြောင့် ခမ်းလေးလှလှလေးလိမ်းကာ emerald green ရောင်စကပ်အတိုလေးနှင့် အပေါ်မှ light green ရောင် ခါးတိုလက်ရှည်လေးကို တွဲ၍ဝတ်လိုက်တော့သည်။

ခွန်းစစ် Hotel သို့ရောက်သည်နှင့် ခမ်းလေးရှိမည့် တစ်ထပ်ဆောင်ရှေ့ထိ ထပ်မံ၍ကားမောင်းလာလိုက်တော့သည်။

"တီလေး "

"သားလာထိုင် သားညီမက အခုထိပြင်တုန်းသားရေမပြီးသေးဘူးထင်တယ် "

"ဟုတ်ကဲ့"

သီချင်းသံသဲ့သဲ့ကြားရသည့်အခန်းကို ခွန်းစစ် လှမ်းကြည့်လိုက်သည်။ ခမ်းလေးတော့ ကများနေသလားမသိ။

"သားအအေး​သောက်မလားအပူသောက်မလား တီလေးဖျော်ပေးမယ်လေ"

"ရတယ်တီလေးမသောက်တော့ဘူး သားအိမ်မှာထမင်းစားလာတာဗိုက်ပြည့်သွားလို့"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Onde as histórias ganham vida. Descobre agora