10 🌿 (U)

6.1K 201 6
                                    

(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၁၀

ကိုကိုက ရန်ကုန်မပြန်ခင် ခမ်းလေးနှင့်အကြော်အတူစားပေးသည်။ ခမ်းလေး ကစားချင်သည့် ကစားနည်းမျိုးစုံလဲကစားပေးလေသည်။ ခမ်းလေးစကားတွေလဲအကုန်နားထောင်ပေးသလို ကိုကိုကအာဘွားလဲခဏခဏတောင်းသေးသည်။

"ကိုကို"

"အွန်း"

"ခမ်းလေးအာဘွားပေးတာများနေပြီလေ ကိုကိုရောပါးမနာဘူးလား"

အရုပ်မကိုခေါင်းဖြီးပေးနေသည့်ကိုကိုက ရယ်လေသည်။

"ကိုကိုလား ကိုကိုပါးကမနာပါဘူးကွ "

"တဂယ် ကိုကို့ကိုအာဘွားပေးရလွန်းလို့ ခမ်းလေးနှုတ်ခမ်းလေးပြားတော့မယ်"

ကိုကိုက ကျိတ်၍ရယ်ပြန်လေသည်။

"ကိုကိုဘာဖြစ်လို့လဲဟင် "

"အာဘွားပေးခိုင်းတာကိုလား"

"အွန်း"

"ကိုကိုကဟိုကိုအကြာကြီးသွာရမှာလေ ညီမလေးကိုလဲအကြာကြီးမတွေ့ရဘူးဆိုတော့ အတိုးနဲ့အာဘွားအရင်ယူထားတာ"

"အွန်းအွန်းအဲ့တာဆိုလဲနေပါပေးပါမယ် "

"ညီမလေးကဘာဖြစ်လို့လဲ ကိုကို့ကိုအာဘွားမပေးချင်လို့လား"

"ဟုတ်ပါဘူး မေမေကပြောထားတာ ခမ်းလေးကကြီးပြီတဲ့ ခလေးတွေလိုရှိသမျှလူအာဘွားတောင်းတိုင်းမပေးရဘူးတဲ့"

"ကိုကိုကတစ်ခြားလူလား"

"ကိုကိုကတစ်ခြားလူတော့ဟုတ်ပါဘူး ခမ်းလေးကပြောပြတာလေ"

"ဒီမှာကိုကို့ကိုကြည့်.."

အရုပ်များစွာနှင့်အလုပ်ရှုပ်နေသည့်ခမ်းလေးကို ခွန်းစစ်ခေါ်လိုက်တော့ ကြည့်လာလေသည်။

"ကိုကိုနဲ့ညီမလေးကဘာတွေလဲ"

"မောင်နှမ"

"မဟုတ်ဘူးလေ ညီမလေးနဲ့ကိုကိုကမောင်နှမမဟုတ်ဘူးလေ"

"ဟင်.. ကိုကိုကလဲ မောင်နှမလေ"

"ကိုကိုတို့ကမိဘချင်းလဲမတူကြဘူးလေ မိဘတွေကလဲဆွေမျိုးမတော်ကြဘူး အဲ့တော့မောင်နှမမဟုတ်ဘူး"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now