24 🌿 (U)

4.5K 157 9
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၄

"သမီးမေမေတို့ရောက်ပြီနော်"

"ဟုတ်မေမေ "

"မေမေစိတ်ချမယ်နော် သမီးဘယ်မှမသွားရဘူးနော် "

"မသွားပါဘူးမေမေရဲ့ မေမေစိတ်ချ ကိုကို့ဆီမှာပဲနေပြီး သင်တန်းသွားတာလောက်ပဲမီးမီးအပြင်ထွက်မှာ "

"သမီးဒီနှစ်ရက်မှာ တီလေးဖြူငယ်စကားနားထောင်နော် အိမ်အလုပ်လေးဘာလေးလဲဝိုင်းကူရမယ်နော် "

"ဟုတ် မီးမီးအကုန်ဝိုင်းကူပါ့မယ် မေ​မေစိတ်ချ"

မေမေနှင့်ဖုန်းပြောပြီးသည့်အခါ ခမ်းလေးတီလေးဖြူငယ်ရှိသည့် ဧည့်ခန်းသို့သွားထိုင်လိုက်တော့သည်။

နေပြည်တော်တွင် ဖွားလေးမွေးနေ့လေးမို့ ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်မည့်ကိစ္စလေးရှိသည်ကြောင့် မေမေရောဖေဖေရော ဦးဦးတွေပါ အကုန်နေပြည်တော်ပြန်သွားကြသလို နောက်နှစ်ရက်နေလျှင် ခမ်းလေးလဲလိုက်ပြန်မည်ဖြစ်သည်။ ဆွမ်းကပ်မည့်ရက်လေးက ၅ ရက်လောက်လိုသေးပေမယ့်လဲ ဖွားလေးကမွေးနေ့နီးလျှင်အမြဲဖျားတတ်သည်ကြောင့် ရော အလုပ်တွေကြောင့်ရောမို့ မေမေတို့ကစော၍ပြန်သွားကြခြင်းဖြစ်သည်။ ယခုတော့ သင်တန်းနှစ်ရက်တတ်ပြီး နောက်နေ့မှကိုကိုနှင့်နေပြည်တော်သွားမည်မို့ ယခုတော့ တီလေးဖြူအိမ်တွင်လာနေနေလိုက်သည်။

"မေမေ့သားအခုတလောအစားတွေပျက်နေသလိုပဲနော် "

"အလုပ်ပင်ပန်းလို့ထင်တယ်မေမေ ဟုတ်တယ်သိပ်စားမကောင်းဘူး"

"သားဘာဟင်းစားချင်လဲ မေမေချက်ပေးမယ်လေ"

"ထွေထွေထူးထူးတော့မစားချင်ဘူးမေမေ အော်...မေ့လို့ သားပဲနှပ်စားချင်နေတာ မေမေ့ကိုပြောဖို့မေ့နေလို့"

"အတော်ပဲ မေမေပဲလိပ်ပြာလေးတွေဝယ်ထားတာရှိတယ် အခွံလေးချွတ်ပြီးမေမေနှပ်ပေးမယ်လေ "

"မီးမီးချက်ပေးမယ်လေတီလေး "

သမီးကဘေးနားကထပြောလေသည်။

"သမီးချက်တတ်လို့လားသမီးရဲ့"

"နေပြည်တော်မှာတုန်းက ကိုကိုကစားချင်တယ်ပြောလို့ဖွားလေးနှပ်ပေးဖူးတယ် မီးမီးမှတ်မိတယ် နော် မီးမီးနှပ်ပေးမယ်"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now