25 🌿 (U)

4.2K 152 1
                                    

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၅

ကိုကိုက ညနေ ပဲခူးညဈေးသို့သွားကြမည်ဟုပြော၍ ခမ်းလေးလဲ မျက်နှာလေးသစ် ပ်ိုက်ဆံအိတ်လေးထဲပါလာသည့်အသုံးဆောင်နဲနဲလေးနှင့် လှအောင်ပြင်ကာ ထိုင်စောင့်နေလိုက်သည်။ အင်္ကျီလေးကလဲ Hotel ဘေးမှ အင်္ကျီဆိုင်လေးမှ နှစ်ထည်သွားဝယ်ထား၍ ခမ်းလေးယခုအင်္ကျီလေးလဲထားခြင်းဖြစ်သည်။

"Hello ကိုကို"

"ပူတင်းလေးပြီးပြီလား "

"ဟုတ်"

"ကိုကိုလဲပြီးပြီ ထွက်ခဲ့တော့နော် "

"ဟုတ်"

ဒီကိုကိုကတော့ မျက်နှာချင်းဆိုင်အခန်းမှာနေပြီး တံခါးခေါက်မခေါ်ပဲဖုန်းဆက်နေလေသည်လေ။

ဟူး... ကိုကိုတော့ လွတ်နေပြီ။

ခမ်းလေးတို့ကိုကားတစ်စီးကလာခေါ်လေပြီး ကိုကို့ကားက ပြင်ဆိုင်မရောက်သေးပဲ အောက်တွင်ရှိနေသည်ကိုလဲ ခမ်းလေးသတိထားမိသည်။ ကားက်ို ဘယ်ချိန်မှပြင်မှာပါလိမ့်လေ။

ပူတင်းလေးကိုခေါ်ကာ ညဈေးတစ်ပတ်လျှောက်ကြည့်လိုက်တော့ မုန့်မျိုးစုံလက်ညိုးထိုး၍ ဝယ်ခိုင်းလေတော့သည်။ ဒီကြားထဲ တိုက်ဆိုင်စွာပင် အမွှေစိန်အရုပ်ပူဖောင်းလေးတွေကိုတွေ့တော့ ပျော်လွန်း၍ပြေးသွားကာဝယ်ခိုင်းသေးသည်။ အမွှေစိန်အရုပ်လေးကို အပ်ချည်ကြိုးလေးနှင့် ခလေးတစ်ယောက်သဖွယ်ကိုင်ကာ ပတ်သွားနေသည့်ပူတင်းလေးဟာ သိပ်မကြာခင်ပင် ​ခြေထောက်ညောင်းလာပြီဟုဆိုလေသည်။

ဝယ်ချင်တာတွေပတ်ဝယ်ရ၍ပျော်မိပေမယ့်လဲ စီးလာသည့်ဖိနပ်က အနည်းငယ်မြင့်သည်ကြောင့် လမ်းလျှောက်များသည့်အခါ ခမ်းလေးခြေထောက်တွေနာလာရခြင်းဖြစ်သည်။

ဂါဝန်လေးဝဲလျှက်နှင့်မျက်နှာလေးမဲ့ကာ ခွန်းစစ်ကိုလှည့်ကြည့်လာသည့်ပူတင်းလေးဟာ ချစ်စရာလေးပင်ဖြစ်သည်။

"ကိုကိုရယ် ​တော်ရအောင်လေ တစ်ဆိုင်ဆိုင်ထိုင်ပြီးပြန်ရအောင်လေ ခမ်းလေးမလျှောက်နိုင်တော့ဘူးဆိုနေမှပဲ"

ပြန်ချင်ပေမယ့်လဲ ကိုကိုက တစ်လမ်းလုံးဘာမှမစားသေးသည်ကြောင့်လဲ ချက်ချင်းမပြန်ပဲ ဆိုင်ထိုင်ဖို့တောင်းဆိုလိုက်သည်။ မဟုတ်လျှင် က်ိုကိုဗိုက်ဆာနေမှာပေါ့။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now