Ep.1

14.7K 294 7
                                    

Unicode

ကျွန်တော့် ဘဝမှာ မားမားပဲ ရှိတော့တယ် ပါးပါးဆိုတာ မမြင်ဖူးခဲ့တဲ့ အထိ ကျွန်တော် ငယ်ငယ်လေးထဲက ပါးပါး ဆိုတာ မရှိခဲ့ဘူး ။

"မားမား ကျွန်တော် ကျောင်းသွားတော့မယ်နော် ...

"ဂရုစိုက်သွားနော် ကျန့်ငယ်  မားမားကို စိတ်မပူနဲ့ ...

"မားမား တာ့တာနော် ...

လူနာခန်းထဲက မိခင်ဖြစ်သူကို နှုတ်ဆက်ပြီး ကျောင်းသွားဖို့ လုပ်နေတဲ့ ကောင်လေးကို သူနာပြုမလေးတွေမှာပင် ကြည့်လို့ စိတ်မကောင်း ဖြစ်နေခဲ့ရှာသည် ။

ထိုကောင်လေး နာမည်က ရှောင်းကျန့် တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကံကြမ္မာ ရဲ့ လှည့်စားခြင်းကို ခံနေရတဲ့ ကောင်လေးပေါ့ မိခင်ဟာ ရောဂါတစ်ခုကို ခံစားနေရသည် ထိုရောဂါကို ကုသနိုင်ဖို့ ကျောင်းသားဖြစ်တဲ့ ထိုကောင်လေးက ငွေရှာနေရသည် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ထိုကောင်လေးရဲ့ လူငယ်ဘဝလေးက ခက်ခဲပါတယ်။

ဘဝက ကြမ်းတမ်း နေပေမယ့် ရှောင်းကျန့် ဆိုတဲ့ ကောင်လေးကတော့ အမြဲ ပြုံးနေတတ်ပါတယ် သူ့မှာ မားမား ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာနဲ့တင် ကောင်လေးဟာ ပျော်ရွင်ရပါတယ် မားမား ရောဂါကို ကုသနိုင်ဖို့က ရှောင်းကျန့် လေးရဲ့ ရည်ရွယ်ချက် တစ်ခုပေါ့ အလုပ်တွေ ပင်ပန်း ရရင်တောင် မားမား အတွက်ဆိုတဲ့ စိတ်လေးကြောင့် ပင်ပန်းတယ်လဲ မထင်လောက်ပါဘူး။

ရှောင်းကျန့် လေးဟာ ဘတ်စကား ပေါ် အလျှင်အမြန် ပြေးတက်ပြီး ကျောင်း နောက်မကျရန် ကျောင်းရှေ့ကို ကားမြန်မ့န်ရောက်ပါစေ ဆုတောင်းနေရသည်။

ကျောင်းရှေ့ ကားရောက်တာနဲ့ ရှောင်းကျန့် တစ်ယောက် ကျောင်းထဲကို အတင်း ပြေးသွားသည် တစ်စက္ကန့်နောက်ကျတာနဲ့ ကျောင်းတံခါးဟာ သူ့ကို စောင့်မှာ မဟုတ်ဘူးလေ....

",အင့် ဘုတ်"

"တောင်း တောင်းပန်ပါတယ်ဗျ တောင်း ပန်ပါတယ် .."

အရေးကြီးပါတယ်ဆို လူတစ်ယောက်ကို ဝင်တိုက်မိလိုက်တာမို့ လက်ထဲက စာအုပ်တွေဟာ မြေကြီး ပေါ် ပြုတ်ကျသွားသည် ကျသွားတဲ့ စာအုပ်တွေကို သိမ်းကောက်လိုက်ပြီး ဝင်တိုက်မိတဲ့ လူကိုလဲ မကြည့်နိုင် တောင်းပန်စကားဆိုပြီး ကျောင်းထဲ တဟုန်းထိုး ဝင်ပြေးရသည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now