Ep.13

2.8K 151 17
                                    

(Unicode)
"ဟ ဟ လို ပါးပါး....

"အင်း....

"ပါးပါး ဟိုလေ...

"ဘာပြောချင်တာလဲ ...

"ဟို ကျွန်တော် သူငယ်ချင်းနဲ့ တနင်္ဂနွေနေ့ကျရင် ရုပ်ရှင်အတူသွားကြည့်ချင်လို့...

ရှောင်းကျန့် နဲ့ အတူ အပြင်ထွက်လို့ရပြီဆိုတော့ အရင်ဆုံး ပါးပါး ဖြစ်သူကို ခွင့်တောင်းသည်သာ ဖြစ်သည်။

"သူငယ်ချင်း ဘယ်နှစ်ယောက်လဲ...

"တစ်ယောက်ထဲပါ ...

"အင်း...

ချန်ယီ အဖြေကြားတော့ မပေါ်လွင်ပေမယ့် ရိပေါ် နှုတ်ခမ်းထက် အနည်းငယ် ပြုံးယောင်သန်းနေသည် ဒီအပြုံးဟာ ပီတိအပြုံးဖြစ်သည်။

ချန်ယီက အနေအေးပြီး စကားနည်းသည် အပေါင်းအသင်း သူငယ်ချင်းလဲ ရှားသလို အပေါင်းအသင်း မိတ်ဖွဲ့ရာမှာပဲ ညံ့သည် အခုလို အချိန်တိုတွင်း အသိမိတ်ဆွေတွေ ရလာတာ ကောင်းတဲ့ ကိစ္စ ပင်ပေါ့...

ဦးယွင်ရဲ့ စကားအရ ကျောင်းက ကောင်လေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး နေနေတာ မြင်သည် ဟု ပြောလာသည် အရွယ်ရောက်လာပြီးသား လူငယ်မို့ ရိပေါ်လဲ ချန်ယီကို လွတ်လွတ်လပ်လပ် နေစေခိုင်းဖို့ ဆုံးဖြတ်ထားသည် အသက်ပြည့်ပြီမို့ ရည်းစားထားချင်လဲ ထားလို့ရအောင် ချန်ယီကိစ္စတွေမှာ ဝင်မပါဖြစ်အောင် နေသည်...

ချန်ယီ စိတ်ဝင်စားနေတယ်လို့ ထင်ရတဲ့ ကောင်လေးကိုလဲ စုံစမ်းဖို့ မလုပ်ဖြစ်..အရွယ်ရောက်ပြီမို့ လူဆိုး လူကောင်း ခွဲခြားတတ်နေပါပြီ သူ့ဘဝအစမှာ သူ့ဘာသာ အသိနဲ့ ရွေးချယ် တာ အကောင်းဆုံးပင်လေ ။

ချန်ယီလေးကတော့ သူ့ပါးပါးဆီက ခွင့်ပြုချက်လဲ ရပြီး သူ့အကိုကျန့်နဲ့လဲ အပြင်မှာ ဆုံကျမှာမို့ ဒီညတော့ ကောင်လေးတစ်ယောက် အပြုံးတွေနဲ့ အိပ်ပျော်တော့မည်... အပြုံးတွေနဲ့ ကောင်လေးကို အိမ်မက် ကမ္ဘာလှလှလေးက ကြိုဆိုလျှက်ပေါ့....

________________

တစ်ဖက်ဝမ်စံအိမ်က Boss Wangကတော့ မအိပ်နိုင်သေး ကုတင်ပေါ်က အိပ်မောကျနေတဲ့ ကောင်လေးကို စီးကရက် သောက်ရင်း ထိုင်ငေးနေသည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now