Ep.10🔞

5.2K 161 10
                                    

(Unicode)

"မမ လုရန်..

"ရှင် သခင်လေး..

"ဒီနေ့လဲ ပါးပါး ပြန်မလာဘူးလား ...

"ဟုတ်တယ်ထင်တယ် သခင်လေး ပြန်လာမယ်မကြားမိဘူး...

အိမ်အကူအမရဲ့ စကားကြားတော့ ချန်ယီလေး မျက်နှာညိုးသွားသည် အရင်ကျောင်းတုန်းက အိမ်နဲ့ ကျောင်းဝေးတော့ ဦးလေးယွင်မဟုတ်ရင် ပါးပါးကစိတ်ပူလို့ လိုက်ပို့ပေးသည် ဒီဘက်ကျောင်းကျ အိမ်နဲ့ မဝေးလို့ထင်သည် သိမ့်လိုက်မပို့တော့ဘူး အခုဆို အိမ်ပြန်မလာတာတောင် ကြာပါပြီ ။

ပါးပါးဖြစ်သူက အရင်ကလဲ ဒီလိုပဲ ဆိုပေမယ့် ဒီတစ်ခါတော့ နည်းနည်း စိတ်ကောက်ချင်သည် အကြောင်းကတော့ သူ့အကိုကျန့်ကြောင့်ဖြစ်သည် ပါးပါးရဲ့ လူယုံတွေဖြစ်ကျတဲ့ သူတွေကလဲ သူ့အကိုကျန့်ကို တွေ့အောင်မရှာနိုင်ပါ သူ့အကိုကျန့်သာ ဘာမှမဖြစ်ပဲ ပြန်မလာနိုင်ပဲ သူ့စိတ်ထဲ ထင်သလို လူဆိုးတွေဖမ်းတာခံနေရရင် ဘယ်လို လုပ်မလဲ တွေးတိုင်း ထိုလူယုံတွေကို စိတ်ကောက်သည် ပါးပါးကို အကူအညီ တောင်းဖို့ လုပ်ထားပေမယ့် ထိုနေ့ထဲက သူ့ပါးပါးက သူ့ဆီရောက်မလာသည်သာ ဒါလဲ သူ့ပါးပါးကိုလဲ စိတ်ကောက်သည်။

အခုတော့ စိတ်အေးရပါသည် အကိုကျန့်က ဘာမှမဖြစ်ပဲ ပြန်လာနိုင်သည် နောက်တစ်ပတ်ကစလို့ အတူတူ ကျောင်းတက် အတူတူ စာသင်နိုင်မည် ဒီတစ်ပတ် အားလပ်ရက် ကျရင် ကမ်းနားစပ်ကို သွားဖို့ စိတ်ကူးယဥ်နေသည် ။

ချန်ယီဆိုတဲ့ ဒီကောင်လေးရဲ့ ဘဝက ရိုးရှင်းပါတယ် မွေးထဲက မားမားဆိုတဲ့ အမျိုးသမီး ကို မမြင်ဖူးခဲ့ဘူး ပါးပါးနဲ့သာ ကြီးပြင်းလာခဲ့တယ် ပါးပါး ဖြစ်သူနဲ့သာ နေထိုင်လာခဲ့တယ် ပါးပါးက သူ့ကို အရာရာ ဖြည့်စည်းပေးသည် သာမာန် သားအဖတွေလို ရင်းရင်းနှီးနှီး မရှိကျပေမယ့် သူ့ပါးပါးက တစ်ခြား ဖခင်ကောင်းတွေလို ဖခင်ကောင်းပီသခဲ့ပါတယ် ။

ပါးပါးဖြစ်သူက သူ့အပေါ်ကောင်းမွန်ပေးသလို သူကလဲ သားလိမ္မာလေးတစ်ယောက်ဖြစ်အောင် နေသည် အလုပ်အရမ်းရှုပ်တဲ့ ပါးပါးကသူ့ကို ဂရုမစိုက်နိုင်ပေမယ့် သူကလဲ နားလည်ပေးသည် မွေးနေ့တွေနဲ့ ပျော်စရာအခိုက်အတနိ့တွေကို ပါးပါးနဲ့ ဖြတ်သန်းချင်ပေမယ့် မအားလပ်တဲ့ ပါးပါး‌ေကြာင့် အိမ်မှာသာ နေခဲ့ရပြီး တစ်ခြား ကလေးတွေလိုတော့ အပျော်အပါး မကြုံဘူးခဲ့ပါ  ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now