Ep.32

1.4K 79 6
                                    

(Unicode)
ဒီညမှ ညတာကလဲ ရှည်နေသည်။

အပေါ်ထပ် လသာဆောင် ဝရံတာကို လက်တင်မှီထားရင်း ကောင်းကင်က လကို မော့ကြည့်နေတဲ့ ရှောင်းကျန့် ...

ရင်ထဲမှာ ခံစားချက် ပေါင်းစုံနဲ့ ဖြစ်နေခဲ့သည် သူ့ဘဝကို ရိပေါ်ဆိုတဲ့ လူမပါပဲသာ ဖြတ်သန်းလိုက်ချင်သည် သူဘာမှသိမထားတဲ့ ရိပေါ်အကြောင်းတွေကိုလဲ ထပ်မသိချင်တော့ဘူး ရိပေါ်က ဘယ်လိုလူမျိုးလဲဆိုပြီး မစပ်စုချင်တော့ဘူး ။

သူ့ဘဝ ကောင်းမွန်လာတဲ့ အစက ရိပေါ်ကြောင့်ဖြစ်သည် မားမားကိုအခုလို ပြန်မြင်ခွင့်ရတာ ရိပေါ် ရှိနေလို့ဖြစ်သည် ... မိခင်ကို အဆုံးအရှုံးမခံနိုင်သည်မို့ သူ့ရွေးချယ်မှုက မှန်ခဲ့သည် တွေးထားပေမယ့် ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ ရိပေါ်ရဲ့ လောင်းရိပ်ကြောင့်တော့ သူ့အတွေးတွေက မှားခဲ့သည်လို့ အတွေးဝင်လာပြန်တယ် ။

တကယ်ပဲ သူ့အတွေးတွေက မှားခဲ့တာလား မှန်ခဲ့တာလား သူ့ရွေးချယ်မှုက မှားလားမှန်လားမသေချာပေမယ့် ဒုတိယအကြိမ် ရွေးချယ်ခိုင်းရင်လဲ သူပထမရွေးခဲ့တဲ့ လမ်းကိုပဲ ထပ်ရွေးမိလိမ့်မယ် ဒါပေမယ့် အခုလိုပဲ နောင်တတော့ ရမိနေမှာ အမှန်ပါပဲ....

ရိပေါ်ရဲ့ လောင်းရိပ်က ပူလောင်သလိုခံစားရတယ် မွန်းကြပ်တယ် ... ရိပေါ်ရဲ့ အချစ်က မလွတ်နိုင်တဲ့ ထောင်ထဲ ရောက်နေရသလိုပါပဲ ..

လသာဆောင် ဝရံတာက ကောင်လေးအဖို့ ဒီညတာဟာ ရှည်လွန်းပြီး အိပ်ပျော်မယ့် ညမဟုတ်ခဲ့ပါ ...

ထို့အတူပါပဲ လသာဆောင်မှာ ရပ်နေတဲ့ ကောင်လေးအိမ်ရဲ့ ရှေ့ဘက် သစ်ပင်အောက်တစ်ခု ကားထဲက ရိပေါ်ဟာလဲ အိပ်ပျော်မည်မထင်ပါ ။

"Boss... ကျွန်တော်တို့ ပြန်ကျရအောင်...

"မင်းပြန်တော့...

"Boss...ကရော ဒီမှာအရမ်းအေးတယ် မနက်မှ...

မနက်မှ အကိုလေးနဲ့ စကားထပ်ပြောဖို့ အကြံပေးချင်ပေမယ့် ကားထဲက Boss အကြည့်ကြောင့် စကားတွေက လည်းချောင်းထဲ မှာပဲ ရပ်သွားသည် ။

မထားခဲ့ချင်ပေမယ့် Bossကို ထားခဲ့ပြီး ယန်ယန်ကို ဖုန်းဆက်ကာ လာကြိုဖို့ ပြောလိုက်သည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]जहाँ कहानियाँ रहती हैं। अभी खोजें