Ep.36🚬

2.1K 82 4
                                    

(Unicode)
အချစ် ဆိုတာကြီးက သိမ့်ဆန်းကျယ်တာ ... အချစ်ကို မြင်နိုင်တဲ့ မျက်စိကလဲ သိမ့်ကို ရှမ်းတတ်တာ ..

လူတွေဟာ ကိုယ့်ကို မချစ်တဲ့ လူနောက်ကို လိုက်ရင်း ပြောင်းလဲသွားကျတယ် တစ်ချို့လူတွေက မလုပ်သင့်တာတွေပါ လုပ်လာကျတယ် ကိုယ့်ဘေးက လူတွေကိုတောင် မမြင်တော့ပဲ ချစ်ရတဲ့ လူကို ပိုင်ဆိုင်ဖို့ ရူးသွပ် ကျတယ်။
_______________

စောင်ပုံနဲ့ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နစ်နေခဲ့တဲ့ ရှောင်းကျန့်ရယ်ပါ  ညကပင်ပန်းထားတော့ နိုးနေပေမယ့် မထချင်ပဲ ဖြစ်နေခဲ့သည်။

  ထဖို့ ကြိုးစားရင်း ကုမ္ပဏီလဲ သွားရမှာမို့ မျက်လုံးတွေကို ကြိုးစားပြီး ဖွင့်လိုက်တော့ ရင်ခွင်ပိုင်ရှင် ရိပေါ်ကို မြင်သွားသည် ။

ရင်ခွင်ထံကနေ မော့ကြည့်မိတော့ လည်စိခပ်ချွန်ချွန်ရယ် ငုပ်စိလေးတွေဖြစ်နေတဲ့ မုန့်ဆိတ်မွှေး ရေးရေးရယ်  ..

မြင်နေရတဲ့ အရာနှစ်ခုတင်အားမရတော့ ရင်ခွင်ထဲက အသာ ကုန်းထပြီး အိပ်ပျော်နေတဲ့ ရိပေါ် မျက်နှာကို သေချာ စိုက်ကြည့်သည် .. အချိန်ကာလတွေအကုန်လုံးမှာ အတူတူ ရှိခဲ့ကျပေမယ့် ရ်ပေါ်မျက်နှာကို အခုလို အနီးကပ်အေးဆေး မြင်ရသည်က ရှားသည် ။

ရိပေါ် မျက်နှာကို အနီးကပ်မြင်ရတဲ့ အချိန်တွေက နမ်းနေကျတဲ့အချိန်ရယ် ကုတင်ပေါ်မှာ ဆက်ဆံနေကျတဲ့ အချိန်တွေသာ ဖြစ်သည် ။

ခပ်ထူထူ မျက်ခုံးမွေးရယ် ခပ်လုံးလုံး နှာခေါင်း.. လူကသာ လူကြမ်းပုံစံနဲ့ ကြမ်းကြမ်းတမ်းတမ်းပုံစံပေမယ့် နှာခေါင်းဟာ တစ်ခြားလူနဲ့ကွဲပြားသည် လုံးလုံးအိအိလေး ထိုနှာခေါင်းလေးကို လက်ညိုးနဲ့ တို့ကြည့်တော့ ပေါက်စီလုံးလေးလိုပါပဲ ....

ရိပေါ် နှာခေါင်းလေးကို လက်ညိုးလေးနဲ့ တို့ကြည့်နေရင်း အတွေးတွေက သူ့ဆုံးဖြတ်ချက်ဆီကို ရောက်သွားသည် ။

ပထမဆုံးဖြတ်ချက်က မှားလားမှန်လား ဝေခွဲမရသေးခင်မှာပဲ သူ့ရဲ့ ဒုတိယ ဆုံးဖြတ်ချက်ကရော မှန်ကန်ရဲ့လား ထပ်မှန် ခေါင်းရှုပ်စေလာသည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now