Ep.9🔞

5.2K 178 4
                                    

(Unicode)
ရှောင်းကျန့် တစ်ယောက် ကျောင်းကပြန်လာခဲ့ပြီး မားမားအတွက် သစ်သီးနဲ့ စားစရာမုန့်တစ်ချို့ဝယ်ပြီး ဆေးရုံ ကို လာခဲ့သည်။

ကျောင်းကထွက်လာထဲကသူ့နောက်ကို လူနောက်ယောင်ခံ လိုက်နေသလို ခံစားနေရသည် စိတ်ထဲတော့ ခုနေပေမယ့် ရိပေါ်ရဲ့ လူတွေလို့သာ ထင်မိသည်။

"အမ ..

"ကျန့်ကျန့် လာပြီလား...

"ဟုတ်အမ မားမား ဘယ်လိုနေသေးလဲ ..

"အန်တီကတော့ ပုံမှန်ပါပဲ အန်တီဆီ လူတစ်ယောက်ရောက်နေတယ် ကျန့်ကျန့်တို့ အမျိုးဆိုလားပဲ ...

"ဟင် အမျိုး ဟုတ်လား...

"ထင်တာပဲ အမလဲ သိမ့်တော့မသိဘူး...

"ဟုတ်ဟုတ်အမ ဒါဆို ကျွန်တော်သွားကြည့်လိုက်မယ်...

သူနာပြုအမကို နှုတ်ဆက်ပြီး မားမားရှိတဲ့ အခန်းဘက် ထွက်လာလိုက်သည် ဒီတစ်နေလုံး နားမလည်တာတွေကြီး ကြားနေရသည် သူတို့ မှာ အမျိုးရော ရှိလို့လား တကယ်ပဲ သူနဲ့မားမားက အမျိုးတွေရှိနေတာလား။

"မားမားး...

"ကျန့်ကျန့် အားကျန့် လာ...

အခန်းတံခါးဖွင့်လိုက်တော့ မားမားဖြစ်သူက ကုတင်ပေါ်မှာ မှီပြီးထိုင်နေသည် ပြီးတော့ ကုတင်ဘေးမှာ လူတစ်ယောက် သူ့ထက်တော့ အသက်ကြီးနိုင်တဲ့ လူတစ်ယောက် မားမားကို လိမ္မော်သီး ခွာကျွေးနေပုံ။

"မားမား...

"လာလာ အားကျန့် အကိုကို နှုတ်ဆက်...

"ဟင် အကို ...

ရှောင်းကျန့် က နားမလည်သလို ပြန်မေးတော့ တစ်ဖက်ကလူက မက်တပ်ရပ်ပြီး ပြုံးသည် ပြီးတော့ သူ့ဘာသာ နှုတ်ဆက်လာသည်။

"အကိုက ကျိုးချန်ပါ .တွေ့ရတာဝမ်းသာပါတယ်..

"ကျွန်တော် ကရှောင်းကျန့်ပါ...

ဘာတွေလဲ နားမလည်ပေမယ့် တစ်ဖက်က လက်ကမ်းနှုတ်ဆက်တာမို့ ရိုင်းရာမကျအောင် ပြန်နှုတ်ဆက်လိုက်သည်။

"မားမား နေကောင်းရဲ့လား..

"အင်း မားမားကအဆင်ပြေပါတယ် ..သား အားကျန့် မှတ်ထားနော် ဒီအကိုကို သူ့ဖခင်က မားမားရဲ့ ကျေးဇူးရှင် တစ်ယောက်ပဲ ..

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now