Ep.40

1.8K 67 5
                                    

Unicode

"သား သား သား ချန်ယီ ....

"....

ဖေးမာန်ရင်ဟာ သူ့ရှေ့က ထွက်သွားမယ့် ချန်ယီ လက်ကို လှမ်းဆွဲရင်း ထွက်မသွားဖို့ တားနေသည် သူမ မျက်ဝန်းတွေထဲ အရည်ကြည်လေးတွေ လဲ့လို့ သူ့ရှေ့က ချန်ယီကို မျက်နှာပင် သိမ့် မပြရဲ ။

"သား မား ...

"ကျွန်တော့်ကို ဘာလို့အချိန်အကြာကြီး ပြစ်ထားရတာလဲ ဘာလို့ကျွန်တော်ကနောက်ဆုံးမှ သိရတာလဲ ...

"ဒါ ဒါ က ...

"မလိုအပ်လို့ ကျွန်တော့်ကိုထားခဲ့ပြီးပြီပဲ အခုမှ ဘာလို့ ..

"အဲ့ အဲ့လို မဟုတ် ပါဘူး မဟုတ်ပါဘူး သားရယ် ...

"ဒါပေမယ့် အန်တီသိပါလိမ့်မယ် ကျွန်တော်နေသားကျနေပြီ ...

"မားမားနဲ့ အတူတူလိုက်နေပါနော် ...

"ကျွန်တော့်အတွက် ပါးပါးရှိတယ် ပါးပါးနဲ့ပဲနေမယ်..

"မားမားနဲ့ အတူတူလိုက်ခဲ့ပါ သားရယ် ...

"ဒူ ဒူ ဒူ"

စကားပြောနေတဲ့ကြား မြည်လာသော ဖုန်းသံ ချန်ယီ ဖုန်းကို ကိုင်လိုက်တော့ ပါးပါး ဖြစ်သူ

"ပါး ပါးပါး....

"အင်း ...

တစ်ဖက်က လေသံခပ်အေးအေးနဲ့ ထူးလာပြီး စကားဆက်ပြောသည်။

"မင်းအကုန်သိပြီးနေပြီ ငါကမင်းအဖေအရင်းမဟုတ်ဘူး မင်းမိဘအရင်းတွေရှိတဲ့ နေရာကိုသာ လိုက်သွား...

"ပါးပါး ကျွန်တော်မသွားချင်ဘူး ပါးပါးနဲ့ပဲ နေချင်တယ် ကျွန်တော် မလိုက်ချင်ဘူး ပါးပါး...

"ဝမ်ချန်ယီ ငါမင်းကို အမိန့်ပေးနေတာ....

ပါးပါး ဖြစ်သူထံက လေသံခပ်မာမာနဲ့ အော်တာခံလိုက်ရတဲ့ ချန်ယီတစ်ယောက်အနည်းငယ်လန့်ကာ မျက်ဝန်းထဲ မျက်ရည်လေးတွေပင် လည်လာသည်။

"ကျွန်‌တော်လိုက်သွားရင် ပါးပါးအဆင်ပြေမှာလားဟင်....

"အရွယ်ရောက်နေတဲ့ မင်းကို ငါမစောက်ရှောက်နိုင်ဘူး ဝန်ထုပ်ဝန်ပိုး များလွန်းတယ်  ဒါပဲ ..

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Dove le storie prendono vita. Scoprilo ora