Ep.38

1.6K 64 5
                                    

Unicode

Unicode

"Boss...

"ကျဲ ဒီလ ဧည့်သည် စာရင်းတွေ ပြနိုင်မလား..

"ဟုတ်ကဲ့ Boss..

"ဒါနဲ့ Hotelဘက်မှာ လိုတာတွေ ...

"မပူပါနဲ့ ကျွန်မရှိပါတယ် ...

"အင်း...

အတွင်းရေးမှူး ပေးလာတဲ့ စာရင်းစာအုပ်အထူကြီးကို ကြည့်ရင်း ဒီလအတွက် ဝင်ငွေ ထွက်ငွေ စစ်နေသည်။

စာရင်းကြည့်နေရင်း မနက်က မြင်ကွင်းကြောင့် ညနေအထိ ပေါ်မလာသေးတဲ့ ရိပေါ်ကြောင့် တစ်ခုခု ဖြစ်နေလေမလား အတွေးလွန်လာခဲ့သည်။

ထိုသို့ တွေးမိသာ စိတ်ပူသွားပေမယ့် ရိပေါ်တို့မိသားစုကြားမပါသင့်ဘူးဟု ထင်ကာ ခေါင်းထဲက အတွေးတွေကို ထုတ်ပြစ်ဖို့ ကြိုးစားလိုက်သည်။

______________________

"ချာတိတ် ...

"ဟင် ကိုကို....

Barထဲ အရက်ထိုင်သောက်နေတဲ့ ချန်ယီ ဘယ်အချိန်ထဲက ထိုင်သောက်နေသည်လဲ မသိပေမယ့် လူကတော့ ခေါင်းသိမ့်မထောင်နိုင်လောက်အောင် မူးနေပါသည် ။

"တစ်ယောက်ထဲ ဘာလို့လာသောက်နေတာလဲ...

"ကိုကို မသိပါဘူး...ဒီနားမှာ အရမ်းပူလောင်နေသလို မွန်းကြပ်တယ်..

ချန်ယီဟာ သူ့ရင်ဘက်လေးကို လက်ညိုးလေးနဲ့ ထိုးပြရင်း မွနိးကြပ်နေကြောင်း ပြောလာသည် ။

"ကိုယ်ရှိတာပဲ ကိုယ့်ကို ခေါ်ပေါ့ ...အခုတော့ ...

"ကိုကိုဗျာ ငါ့ကိုမဆူပါနဲ့တော့ ...

"ကိုကိုမဆူပါဘူးချာတိတ်ရယ် ... အခု ချာတိတ်ရင်ထဲဘာတွေဖြစ်နေလဲ ကိုယ့်ကို ပြောပြချင်လား..

"ဟင့်အင်...

တစ်ဖက်လူကို ပြောပြဖို့ အသင့်မဖြစ်သေးသည်မို့ ခေါင်းခါပြလိုက်သည်။

"ဟုတ်ပြီ ဒါဆို ချာတိတ် မွန်းကြပ်တာတွေပျောက်တဲ့အထိ အဝအပြဲသောက် ကိုကိုကအနောက်ကထိန်းပေးမယ် ...

"အင်း ကိုကို မင်းကအကောင်းဆုံးပဲ ...

ချန်ယီ ကိုကိုလို့ ခေါ်သည့်တစ်ယောက်ဟာ သူအရင်က အရမ်းပင် အမြင်မကြည်ခဲ့သည့်တစ်ယောက်ဖြစ်သည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now