Ep.6🔞

6.5K 202 23
                                    

(Unicode )

"Boss.....

"အင်း.....

"နယ်စပ်ဘက်က ကုန်အသွင်းအထုတ်တွေ စာရင်းပါ ...

"ချခဲ့ ..

"Boss မနက်ဖြန်ည သခင်မလေးနဲ့ Boss ဟို ..

"အဟန့် ပြင်စင်ထားလိုက် ငါမမေ့ဘူး..

ရိပေါ်က နှုတ်ကထိုသို့ပြောရင်း ခပ်ယဲ့ယဲ့ပြုံးသည်

ကုမ္ပဏီ ရုံးခန်းထဲ အတွင်းရေးမှူးကိုထားခဲ့ပြီး ရိပေါ် ကတော့ ကောင်လေးကို တွေ့နိုင်မယ် ဆိုင်ကို သွားဖို့ပြင်သည် သူထိုကောင်လေးကို မတွေ့ရတာ တစ်ပတ်လောက်ရှိပါပြီ မအားလပ်တာမို့ ဆိုင်ဘက်မသွားဖြစ်ခဲ့သည်သာ ဒီနေ့တော့ မသွားလို့မရတော့ပါ ထိုကောင်လေးကို သူတွေ့ချင်နေပါပြီ။

________________

"အကိုယီပင်း အကိုကျန့်နဲ့ အဆက်အသွယ် မရဘူးလား...

"ဟုတ်တယ် သူ့အခန်းလိုက်သွားတော့လဲ အခန်းကထွက်သွားပြီကြားတယ်...

"ကိုယ်တို့ ဆေးရုံကအန်တီဆီ သွားကြည့်သေးတယ် ဆေးရုံလဲမလာတာ တစ်ပတ်လောက်ရှိပြီတဲ့ ...

"ဟင် ဘယ်သူဆေးရုံတက်နေရတာလဲ ..

"အော် ရှောင်းကျန့် မားမားပါ...

ကျောင်းစာသင်ခန်းထဲ ဒူချီ ယီပင်း နဲ့ ချန်ယီတို့ ခေါင်းချင်းဆိုင် နေကျသည် ရှောင်းကျန့် ကျောင်းမလာတာ တစ်ပတ်လောက်ရှိနေပြီမို့သာ ဖြစ်သည် သူတို့ သုံးယောက်အပြင် ဆရာတွေကလဲ ရှောင်းကျန့် ကို စိတ်ပူနေကျသည် လိပ်စာအတိုင်း ရှောင်းကျန့် ရှိမယ့်နေရာကို သွားကြည့်ကျတော့လဲ မတွေ့ရတာမို့ ဆရာတွေဟာ လူပျောက်တိုင်ဖို့ပါ ဆွေးနွေး နေကျသည်။

ကျောင်းမှာ စာတော်တဲ့အပြင် လိမ်မာယဥ်ကျေးရှိတဲ့ ကျောင်းသားတစ်ယောက်မို့ ဆရာတွေကလဲ ချစ်ကျသည် အခုလို ဘာသတင်းမှမရပဲ ပျောက်သွားတာကတော့ ဆရာတွေကို စိတ်ပူစေသည်လေ။

ရှောင်းကျန့် ကို စိတ်ပူနေတဲ့အထဲ ချန်ယီကတော့ အဆိုးဆုံးပင် အဲ့နေ့က သူနဲ့ နောက်ဆုံး တွေ့လိုက်ရတာမို့ ရှောင်းကျန့် တစ်ခုခုဖြစ်မှာ စိုးရိမ်သည် သေချာပေါက် သူ ကားငှားပေးလိုက်တာမို့ သူ့မှာ တာဝန်လဲ ရှိနေပြန် ရှောင်းကျန့် ကို စိတ်ပူတဲ့ စိတ်နဲ့ စာလဲ သေချာ မလိုက်နိုင် ဒီနေ့ အိမ်ပြန်ရင်တော့ သူ့ပါးပါး ဖြစ်သူကို အကူအညီ တောင်းဖို့ ဆုံးဖြတ်လိုက်သည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now