Ep.39

1K 48 2
                                    

Unicode
ပြောပြဖို့ တွန့်ဆုတ်နေသလို လှည့်ပတ်ကာ စကားကိုဆိုနေတော့ ရှောင်းကျန့် တစ်ယောက် ရိပေါ်ကို စိတ်တိုချင်မိလာသည် ဘာစကားမှ မဆိုတော့ပဲ ကားမှနိဘက် မျက်နှာလှည့်လို့ ရိပေါ်ကို စိတ်တိုနေသည် ။

"Boss ကျွန်တော်တို့ အလိုက်ခံနေရတယ် ...

ရှေ့ခန်းမှာ ကားမောင်းနေတဲ့ ဝမ်းရှန်းဟာ ကားမှန်ကနေတစ်ဆင့် မြင်နေရတဲ့ ကားကြောင့် နောက်ခန်းက ရိပေါ်ကို ပြောလိုက်သည်။

ဝမ်းရှန်း စကားကြားတော့ ရိပေါ်ဟာလဲ ကားမှန်ကနေတစ်ဆင့် နောက်ဖက်က ကားကို ကြည့်ကာ ခပ်မဲ့မဲ့ ပြုံးသည်လ။

"ဟန်တောင်မဆောင်နိုင်ကျတော့ဘူးပဲ ...

စိတ်ပျက်စရာ ကောင်းတဲ့ လူတွေကြောင့် ခပ်မဲ့မဲ့သာ ပြုံးလိုက်မိပြီး သူ့ဘေးက ရှောင်းကျန့်ကို ခါးကနေ ဆွဲဖက်ကာ ဝမ်းရှန်းကို အမိန့်ပေးလိုက်သည်။

"မင်း ကျွမ်းကျင် သလိုသာမောင်း...

ရိပေါ် စကားဟာ တိုတောင်းပေမယ့် ဝမ်းရှန်းကတော့ သူ့Bossစကားကို  နားလည်တာမို့ တစ်ချက်မဲ့ပြုံးပြီး သူ့ကားမောင်း စကေးကိုပြဖို့ လုပ်တော့သည် ။

"ဦး ဘာဖြစ်လို့လဲ ...

"က်ုယ့်ကို မှီပြီးအနားယူအိပ်နေလိုက် ခဏနေအဆင်ပြေသွားမယ် ..

ရိပေါ်တို့ စကားပြောအရ သူတို့ နောက်ကို လူလိုက်တယ်ဆိုတာမို့ ခေါင်းထောင်ပြီး ကားနောက်ဘက်ကနေ တစ်ဆင့် ကြည့်မည်အလုပ် ရိပေါ်ဟာ သူ့ခါးကိုဖက် သူ့ခေါင်းကို ရင်ခွင်ထဲ နစ်လိုက်ကာ မလှုပ်ရှားဖို့ သတိပေးသလို စကား ပြောလာသည် ။

ရှောင်းကျန့် ပုခုံးလေးကို ကျစ်နေအောင် ဖက်ပေးထားပြီး တစ်ခုခု ဖြစ်လာရင် ရှောင်းကျန့် ကို မထိခိုက်မိအောင် သူ့ခန္ဓာကိုယ်နဲ့ ရှောင်းကျန့် ကိုယ်လေးကို နစ်မြုပ်နေအောင် ဖက်ပေးထားသည် ။

  ညနေခင်း မှောင်ရီပျိုးလာတော့ ကားလမ်းပေါ်မှာတော့ ကားအနည်းငယ်များလာသည် မီးရောင်တွေက နေရာတစ်ကာမှာ ပြည့်နက်နေပြီး ထိုကြားမှာတော့ သူပြေး ငါလိုက်ဆိုသလို ကားနှစ်စီးက ပြေးလွှား ရှောင်နေကျသည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now