Ep.15🚬

2.5K 136 23
                                    

(Unicode)
"မားမား ဖြေးဖြေး ....

"မားဘာမှမဖြစ်တော့ပါဘူး သားရယ် နာတောင်မနာဘူး ...

မနက်ခင်းရောက်တော့ မားမား ဖြစ်သူက နိုးလာသည် သူနာပြုတွေ လုပ်ရမယ့် အရာဖြစ်သောလဲ ရှောင်းကျန့် က သူ့ဘာသာ မားမားအတွက် မျက်နှာသစ်ဖို့ လုပ်ပေးပြီး အဝတ်အစားလဲ သူသာ လည်းပေးသည်။

"ကဲ မားမား မနက်စာ စားရအောင် ....

"မားဘာသာ စားပါ့မယ် ...သားသွားစရာရှိတယ်မဟုတ်ဘူးလား ကောင်လေး(Bf)ကို စောင့်မနေရစေနဲ့လေ ...

"ဟင်...

ပြုံးစိစိနဲ့ ပြောလာတဲ့ မားမားဖြစ်သူကြောင့် ရှောင်းကျန့်မှာပဲ ကြောင်တောင်တောင် လေး ဖြစ်သွားသည်။

"ရည်းစားထားတာတောင် မားမားကို ပြောမပြဘူး...

"ရည်းစား မားကလဲ သားရည်းစားမထားသေးပါဘူး...

"ဟုတ်ပါပြီ ဟုတ်ပါပြီ အရင်ဆုံးကောင်လေးကို ဖုန်းပြန်ဆက်လိုက်အုံး...

"ဘယ်သူလဲ မားရဲ့ ....

"သားကောင်လေးလေ အစောက သားမနက်စာသွားဝယ်တော့ ဖုန်းဆက်လာတယ် ..ကောင်လေးက လိမ္မာယဥ်ကျေးပါတယ် မားတော့သဘောကျတယ် ...

ရှောင်းကျန့် မှာ ရည်းစားမရှိတဲ့အပြင် သူ့ဆီဖုန်းဆက်တာ ဘယ်သူမှန်းမသိသေးဘူး မားမားဖြစ်သူကတော့ အတင်းတွေ သဘောကျနေသည်။

"အာ မားကလဲ သူက ကျောင်းကအတန်းဖော် သူငယ်ချင်း ပါ

ဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းကောထိပ်မှာ မနေ့က ဆက်တဲ့ ဖုန်းနံပါတ်မို့ ချန်ယီဆိုတာ သိလိုက်သည် တစ်ဆက်ထဲ မားမားဖြစ်သူကို ရှင်းပြရင်း ဖုန်းနံပါတ်ကို Nickname ထည့်လိုက်သည်။

"ဒါနဲ့ မားက ကျွန်တော် ယောင်္ကျားလေး ကောင်လေး ထားရင် လက်ခံနိုင်တယ်ပေါ့...

သူထင်သည်က သူ့မားမားဟာ တစ်ခြား မိဘတွေလိုပဲ ဒီလို ကိစ္စ ကို ကန့်ကွက်လိမ့်မည်လို့ ထင်ထားသည် ဒါကြောင့် အရင်က ထားခဲ့ဖူးတဲ့ ရည်းစား တွေတုန်းက မားမားကို ပေးမသိခဲ့ပါ သူဟာ အရင်ထဲက ယောင်္ကျားလေးတွေကိုသာ စိတ်ဝင်စားသူဖြစ်သည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now