Ep.21🚬

2.5K 117 8
                                    

(Unicode)
"ပေါ်ပေါ် လာအုံး !!!...

မနက် အိပ်ယာထလို့ ကုမ္ပဏီကို သွားဖို့ ပြင်နေတဲ့ ရိပေါ် ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးကို တစ်ချက် နမ်းပြီး အပြင်ထွက်သည် ထိုအချိန်မှာပဲ အခန်းဝမှာ အသင့်စောင့်နေတဲ့ ဖေးမာန်ရင်ကို မြင်လိုက်ရသည် ။

"ဘာလဲ....

"အဲ့ဒီကောင်လေးက ဘယ်သူလဲ ညထဲကမေးချင်နေတာ ...

"နင်နဲ့မဆိုင်ပါဘူး ငါ့ကိစ္စ

"ငါကနင့်အမလေ သိလို့မရဘူးလား ဘာလဲ ကောင်လေးလား...

"မသိချင်နဲ့ ကိုယ့်ကိစ္စပဲ ကိုယ်စိတ်ဝင်စားစမ်းပါ ....ပြီးတော့ ထပ်ပြောမယ် ငါ့သားကိုလဲ လာမထိနဲ့ ခေါ်ဖို့လဲမကြိုးစားနဲ့ နင်တို့ မိသားစုထဲလဲ မထည့်ပေးနိုင်ဘူး ပြီးတော့ သူ့ကိုလဲ ဆံမျှင်တမျှင်တောင် မထိမိစေနဲ့ ....

အမဖြစ်သူကို ဒေါကြီးမောကြီး ပြောပြီး အောက်ထပ်ကို ဆင်းသွားသည် ပြီးတော့ ပြင်ပေးထားတဲ့ ကော်ဖီကို တစ်ငုံသောက်ပြီး ကုမ္ပဏီ သွားဖို့ပြင်သည်။

"ဝမ်းရှန်း..... ယန်ယန်ရော..

"ဟို...

"မင်းတို့ အကိုလေးနိုးရင် ကားနဲ့ သေချာပေါက် လိုက်ပို့ပေးလိုက် ပြီးတော့ ငါဒီနေ့ အိမ်ပြန်မလာဘူးလို့လဲ တစ်ခါထဲပြော...

"ဟုတ်ကဲ့ Boss. ...

မှာစရာရှိတာ မှာပြီး ရိပေါ်က ကုမ္ပဏီ ကို ဦးတည်သွားသည် ဒီနေ့ဟာ အရေးကြီး အစည်းအဝေး ရှိပြီး လုပ်ငန်းရှင် အကြီးအကဲတွေ စုတဲ့ ပွဲတစ်ခုလဲ ရှိသည်ဒါကြောင့် ဒီနေ့ ရိပေါ် အလုပ်က ရှုပ်မှာ ဖြစ်သည် ။

ရိပေါ် ခြံထဲက ထွက်သွားသည်ပြီး အနည်းငယ်ကြာတော့ ကုတင်ပေါ်က အကောင်ပေါက်လေးဟာလဲ လှုပ်ရှားမှုတို့ ရှိလာသည် မျက်လုံးက မပွင့်သေးဘူး လက်တွေနဲ့ ခါးကို ပွက်သ-တ်လို့ နာကြင်မှုရှိနေတဲ့ အောက်ပိုင်းကြောင့် မျက်နှာမှာလဲ ရှုံ့မဲ့ လို့ပင်။

"အင့် အဟင့် နာ လိုက်တာ ....

မျက်လုံးကတော့ မပွင့်သေးပါ ဒါပေမယ့် လူကတော့ ကုတင်ပေါ်က ကုန်းထသည် ဒါပေမယ့် နာနေတဲ့ အောက်ပိုင်းကြောင့် လမ်းလျှောက်တာတောင် ကွတကွတနဲ့ ရယ်စရာလို ဖြစ်နေသည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now