Ep.17

2.7K 143 13
                                    

(Unicode)
ရှောင်းကျန့် ဘဝလေးက တည်ငြိမ်နေပါပြီ ခက်ခဲ ပင်ပန်းပေမယ့်လို့ပေါ့ ဆေးရုံမှာရှိတဲ့ မားမားဆီ သွားကြည့်လိုက် ကျောင်းဆင်းချိန်မှာ ကော်ဖီဆိုင်မှာ ညပိုင်းအလုပ်ဆင်းလိုက် ..

စာမေးပွဲ ကနီးနေပြီမို့ စာတွေ ကျက်ဖို့လဲ လိုသည်ဒီတော့ အလုပ်ပြီးတဲ့အချိန် မှာ စာတွေကျက်သည် မနက် 5နာရီလောက်ထိ စာကျက်ရသည့်အခါ ညဘက်အိပ်ရေးတော့ပျက်သည် ဒါပေမယ့် အရင်ကထက်တော့ အများကြီး သာပါသည်။

အိပ်စရာအခန်းလဲ ရှိသလို အခန်းခမပေးနိုင်လဲ ပူစရာမလိုအောင် အလုပ်လေးကလဲ ရှိနေသည် ဒါတွေအားလုံးအစက ရိပေါ် အကူအညီတွေလဲ ပါသည် ... သူ့ရဲ့ လုပ်ရက်က မှန်နေလား ရှောင်းကျန့် မသိပေမယ့် သူ့လုပ်ရက်က မှန်သည်လို့ တွေးမိသည် အလွယ်လမ်းကို ရွေးချယ် ခဲ့တာမှန်ပေမယ့် သူသာ ဒီလမ်းမရွေးရင် ဆုံးရှုံး ရမယ့်သူက သူပင်လေ သူဆုံးရှုံးရမှာ သူပဲသိတာမို့ သူ့လုပ်ရက်ကို သူကိုယ်တိုင်ကတော့ မှန်သည်ဟု တွက်ထားသည်။

"ရှောင်းပေါင့်....

"ဟင် ကော... ကော်ဖီလာသောက်တာပဲလား..

"အင်း ကော်ဖီလဲသောက်ရင်း ရှောင်းပေါင့်ကိုလဲ လာတွေ့ရင်းပေါ့...

"ကောကတော့လေ ....

ဆိုင်ထဲ ဝင်လာတဲ့ ကျိုးချန် မြင်တော့ ရှောင်းကျန့် က ကျိုးချန်အနားသွားကာ ပုံမှန် သောက်နေကျအတိုင်းပဲလားဟု မေးရင်း ကျိုးချန်သောက်မယ့် ကော်ဖီကို သူကိုယ်တိုင်ဖျော်သည်။

ထုံးစံအတိုင်း ဆိုင်ထဲက အမတွေကတော့ ရှောင်းကျန့် နဲ့ ကျိုးချန်ကို အတွဲလို့ကို ထင်နေတော့သည် ...ရှောင်းကျန့်က သာမာန် ဆိုရင်တောင် နေ့တိုင်းဆိုင်လာပြီး  ကော်ဖီသောက်တဲ့ Boss ကျိုးချန်ကြောင့် ဆိုင်ထဲက လူတွေ တစ်လွဲတွေးတာလဲ လွန်တော့ လွန်မနေပါဘူးပေါ့...

  ကျောင်းကပြန်အလာ ကျိုးချန်နဲ့ ဆုံဖြစ်ရင် ရှောင်းကျန့်ကော်ဖီဆိုင်မှာ အလုပ်ဝင်နေတာကို ကျိုးချန်သိသွားသည်သာ နေ့တိုင်း လိုလို ကော်ဖီဆိုင်ကို လာပြီး ရှောင်းကျန့် နဲ့ ရင်းနှီးမှု ယူသည် ဒါကြောင့်လဲ နေ့တိုင်းမြင်နေရတဲ့ ကျိုးချန်ကို ရှောင်းကျန့် ကလဲ အရင်ကထက်ပို ရင်းနှီးတဝင်ရှိနေပါပြီ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now