Ep.14

2.7K 159 17
                                    

(Unicode)

ဝမ်စံအိမ်က ထွက်သွားတဲ့ ကျိုးသခင်လေးဟာ အရင်ဦးဆုံး ဆေးရုံ ရှိတဲ့ နေရာ ဖြစ်သည်။

ထိုနေ့ သာမာန်ခန္ဓာကိုယ်နေမကောင်းတာမို့ ဆေးရုံမှာ ဆေးယူခဲ့သည် ဆေးယူကအမြန် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည် ကောင်လေး ထွက်သွားတဲ့ အခန်းကို ကြည့်မိတော့ သူရင်းနှီးနေတဲ့ နာမည်တစ်ခုနဲ့ စင်တာမို့ သေချာလေအောင် လူနာအခန်းထဲ ဝင်ကြည့်မိလိုက်သည်။

သူထင်သလို သူထင်တဲ့လူသာ ဖြစ်နေခဲ့သည် အတိတ်တစ်ခုဟာ အားနာမိတဲ့ အဖြစ်အပျက်ကြောင့် လူနာအနား သွားကာ အားလုံး အစား ဒီအမျိုးသမီးကို သူကူညီဖို့ လုပ်ခဲ့သည် ... တိုက်ဆိုင်စွာပဲ ထိုအမျိုးသမီးရဲ့ သားဟာ သူ မြင်လိုက်ရတဲ့ ကောင်လေး ဖြစ်နေသည် ။

ဒီလိုနဲ့ပဲ ဒီအမျိုးသမီးနဲ့ထိုကောင်လေးကို အနီးကပ် ကူညီပေးဖို့ လုပ်ခဲ့သည် အတိတ်က ဖြစ်ရက်ဟာ ထိုအမျိုးသမီးကို မြင်ရချိန်မှာ ဝိညာဉ် တွေလို သူ့ကို ခြောက်လှန့်နေခဲ့သည် သူ့ကိုသူလဲ မကောင်းတဲ့ လူတစ်ယောက်လို ခံစားလာရသည် အတိတ်ကအရာတွေကို ပြန်ပြောင်းလို့ မရတော့ပေမယ့် လက်ရှိမှာတော့ သူ ထိုအမျိုးသမီးကို ကူညီပေးနိုင်သည်။

  ဆေးရုံ ထဲရောက်တော့ ထိုအမျိုးသမီး အခန်းကို ဝင်သွားသည် ဒါပေမယ့် ကုတင်လွတ်ကလွဲရင် ဘာမှ မတွေ့တာမို့ အခန်းအပြင်ပြန်ထွက်ကာ သူနာပြုတစ်ယောက်ကို မေးလိုက်သည်။

"ဒီအခန်းက လူနာရော ...

"ဟုတ်ကဲ့ မနေ့က အလှူရှင်ပေါ်လာတာမို့ ဒီမနက်ပဲ လူနာ ခွဲစိတ်ခန်း ဝင်သွားပါတယ်..

"အလှူရှင်...??

"ဟုတ်ကဲ့ ...

"လက်မှတ်လေး ပြနိုင်မလား...

"အမ် လူကြီးမင်းက လူနာနဲ့...ဘယ်လိုပတ်သ-တ်ပါသလဲ ...

"မိတ်ဆွေပါ အရမ်းရင်းနှီးကျပါတယ်...

"လူနာရဲ့ ဆွေမျိုးမဟုတ်ရင်တော့ လက်မှတ်ပြလို့ မရပါဘူး ...

"ဒါဆိုလဲ အလှူရှင်နဲ့ သဘောတူ စာရွက်လေး ပြနိုင်မလား ...

အလှူရှင်ဆိုတဲ့ သူကို ကျိုးချန် သံသယ ဝင်သွားသည် သူထင်သလို မဖြစ်လာဖို့ ဆုတောင်းလိုက်သည် ...သူနာပြုလေးကလဲ အလှူရှင်နဲ့ ပတ်သ-တ်ပြီး ဘာမှမပြတာမို့ ငွေအနည်းငယ်ပေးသာ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့သည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now