Ep.18

2.6K 132 32
                                    

(Unicode)
"ရိပေါ် မင်းကိုယ်တိုင် ဒီအမုန်းတွေကို ဖြစ်စေတာ

ကျိုးချန် ကားမောင်းနေရင်း ကားစီယာတိုင်ကို လက်ဖနှောင့်တွေနဲ့ ရိုတ်နေပြီး တစ်ခါမှ ဒေါသစိတ် သိမ့်မထွက် မိတဲ့ ကျိုးချန်ဟာ အခုမှာ အရှုံးကြီး ရှုံးနေရသလို ဒေါသတွေကို စီယာတိုင်ဆီ ပုံချနေသည် ။

"မင်းက ငါခက်ခက်ခဲခဲ ကြိုးစားလုပ်ယူနေရတဲ့ အရာတွေကို ငါ့ရှေ့မှာပဲ မင်းက လွယ်လွယ်ကူကူ ယူသွားတယ်

ငါက တမြတ်တနိုး ယူရတဲ့ အရာတွေဆို မင်းက အမှိုက်လိုမျိုး ငါ့ရှေ့မှာ လာလွှတ်ပြစ်တယ်

ငါရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေချိန်မှာ မင်းက ငါ့ရှေ့မှာ ငါလိုချင်တဲ့ အရာကို ပြပြီးငါ့ကို လျောင်တယ်

မိသားစု မှာလဲ မင်းက ငါ့ထက် အရာရာ သာတယ် ငါမနဲကြိုးစားယူထားရတဲ့အရာတွေက မင်းစကားတစ်ခွန်းနဲ့တင် အားလုံး ပျက်စီးသွားတယ်

ကလေးဘဝထဲက ကစားစရာတောင် ငါလိုချင်လို့ ပါးဆီက ငိုယိုပြီး ဝယ်ခိုင်းထားရတဲ့ အရုပ်ကို မင်းက မတော်တဆ ဆိုပြီး ပျက်စီးတယ် ဘာလို့လဲ မင်းက ငါ့ဘဝရဲ့ ကံဆိုးမှုကြီး ဖြစ်နေရတာလဲ ...

အဟင်း အခုရော အခုလဲ မင်း ငါသဘောကျတဲ့ ကောင်လေးကို ငါ့ထက်အရင် မင်း လုယူသွားပြန်ပြီ ...

ငါက ရင်းနှီးလာအောင် ခက်ခက်ခဲခဲ ကြိုးစားယူနေရချိန် ဖွင့်ပြောဖို့ သတ္တိမွေးနေချိန် မင်းကအလွယ်တကူပဲ ရသွားပြန်တယ် .. ဘာလို့လဲ မင်းက မိသားစု ကြီးက သားမို့လို့လား ..

မင်းသိထားရမှာက ငါဆိုတဲ့ကောင် မင်းကိုအလျှော့ပေး အောက်ကျို့လာခဲ့တာ အချိန်ကုန်သွားပြီ ဒီတစ်ခါ မင်း ငါ့ထက် ရှုံးနိမ့် စေရမယ် ဒီတစ်ခါတော့ မင်းအပိုင်ကို ငါပြန်လုပြမယ်

  ကျိုးချန်ဟာ ထိုသို့ စကားကို ဆိုပြီး ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားသည် သေချာပေါက် အကြည့်တွေထဲ အမုန်း အငြိုးတွေသာ ပြည့်နက်နေခဲ့သည် ။

အရာရာကို အရှုံးပေးခဲ့ရတဲ့ ကျိုးချန်ဟာ အချစ်နဲ့ ပတ်သ-တ်တဲ့ ကောင်လေး တစ်ယောက်ကို ရိပေါ်ဆီမှာ မဆုံးရှုံးချင်တော့ပါ ငယ်ငယ်လေးထဲက စိတ်ခံစားချက်ဆိုးတွေ ပေးလာတဲ့ ရိပေါ်ကို ဒီတစ်ခါမှာတော့ ကျိုးချန် အမုန်းကြီး မုန်းခဲ့ပါပြီ ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Donde viven las historias. Descúbrelo ahora