Ep.37

1.4K 65 4
                                    

Unicode

"ဦး ကျွန်တော် သွားတော့မယ် ညနေပြန်မလာဘူးနော် မားမားဆီမှာအိပ်မှာ...

"အင်း ကိုယ် လိုက်ပို့မယ် ....

ကုမ္ပဏီ သွားဖို့အသင့်ဖြစ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်က လိုက်ပို့ပေးဖို့ပြင်သည်။

"ဒူ ဒူ ဒူ" ဖုန်းမြည်သံ...

အိတ်ကပ်ထဲက မြည်လာတဲ့ ဖုန်းသံကြောင့် ရိပေါ်က ကိုင်လိုက်သည် ။

"အင်း...

".....

"အင်း.

"...

"...မအားသေးဘူး အပြင်သွားဖို့ရှိတယ်...

"....

"... အင်း...

"ကိုယ့်အမ ပါ သူဧည့်ခန်းရောက်နေပြီတဲ့ ..

ရှောင်းကျန့် ကမမေးပေမယ့် ရိပေါ်က သူ့ကို ဖုန်းခေါ်တဲ့လူက ဘယ်သူ ဆိုတာ ပြောပြလာသည်။

ရိပေါ်အမ အိမ်အောက်ရောက်နေသည်ကြားတော့ ရှောင်းကျန့် ခေါင်းတွေကြီးသွားသည် ထိုအမျိုးသမီးဟာ သူမှတ်မိသည် ရိပေါ် အမျိုးသမီး ပါဆိုပီး သူ့ကို လိမ်လိုက်တဲ့ တစ်ယောက် ထိုအမျိုးသမီးဟာ အရင်တစ်ခါထဲက သူ့ကို မကြည်ဖြူတာမို့ အခုလို အပေါ်ထပ်က ဆင်းသွားရမှာကို စိုးရိမ်နေသည်။

"ဘေဘီ သွားမယ်လေ...

"ဟုတ် သွား သွားလေ...

"စိတ်မပူနဲ့ ကိုယ်ရှိတယ်...

ရှောင်းကျန့် ပုံစံကြည့်ယုံနဲ့ စိတ်လှုပ်ရှားနေတာ သိသာလှသည် ဒါကြောင့် ရိပေါ်က ရှောင်းကျန့် လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးသည်။

"ကိုယ့်အမနဲ့ မိတ်ဆက်ပေးမယ်...

______

"အန်တီ ... ဖြစ်ပါ့မလား..

"ဖြစ်တာပေါ့ အန်တီကိုယုံ သူနဲ့အန်တီကအသိတွေ မင်းကို ကူညီပေးလိမ့်မယ် ...

ဘေးကအန်တီ စကားကြားတော့ ချန်ယီပြုံးလိုက်မိသည် ထိုအန်တီဟာ သူ့ကို သူဌေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ဖြစ်သည် ... သူထုတ်မယ့် သီချင်းခွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ သူဌေးတစ်ဦးလို့တော့ပြောသည် ထိုသူဌေးက သူတို့လို သိမ့်မအောင်မြင်သေးတဲ့ အဆိုတော်တွေကို မွေးတဲ့ သူဌေးဟုလဲ ပြောသေးသည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now