Ep.22🚬

1.9K 111 5
                                    

(Unicode)

"Boss... သခင်မကြီး ရောက်နေတယ်...

"ဝင်လာခိုင်းလိုက်....

တစ်ကိုယ်လုံးကိုအလုံထုတ်မျက်မှန်တွေဦးထုပ်တွေပုဝါတွေနဲ့ ရှုပ်ရှပ်ခက်နေအောင် ဝတ်လာတဲ့ ဖေးမာန်ရင်သာ နိုင်ငံခြားကနေ သူပြန်လာသည်ကို ဘယ်သူမှ မသိလေအောင် အခုလို လုပ်ရခြင်းသာ ဖြစ်သည်။

"ပေါ်ပေါ် နင် စဥ်းစားပြီးပြီလား သားကို...

"တော်ပြီ ဖေးမာန် ...

"နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ ...

ခုံပေါ်ထိုင်ပြီး စီးကရက် သောက်နေတဲ့ ရိပေါ်ဟာ စိုဖာပေါ်က ဖေးမာန်ရင်ကို တစ်ချက်မကြည့်ပဲ စကားဆိုသည်။

"နင့်ပါးစပ်က သား သား ခေါ်တဲ့ ကလေးကို နင်မြင်ရင်တောင် မှတ်မိမှာလား အစထဲကမိခင်စိတ်ရှိရင် အဲ့သားဆိုတဲ့ကလေးကို လူရာသွင်းလေ ...

"ပေါ်ပေါ် နင်လဲ သိနေတာပဲ အဲ့အချိန်တုန်းက ငါလဲ မတတ်နိုင်ခဲ့ဘူးလေ....

"နင့်မှာ ယူစရာယောင်္ကျားရှားလို့ အဲ့မိသားစုက လူကို လက်ခံတာလား နင့်လုပ်ရက်ကြောင့် လူလောကထဲဝင်လာတဲ့ကလေးက အဖေရောအမေပါ မရှိဖြစ်ရတယ်....

"ဒါတွေ ငါသိတယ် ငါနားလည်း နားလည်တယ် အခု သားကို ငါ့အနားခေါ်ထားနိုင်နေပြီမို့ ငါလာခေါ်တာလေ...

"ခေါ်သွားပြီး ကျွန်မရဲ့ မွေးစားသားပါဆိုပြီး အဲ့မိသားစုထဲ ငါ့သားကိုခေါ်သွားမလို့လား နင်မရှိလဲ ကလေးက သူ့ဟာသူ အစဥ်ပြေနေပြီ ပြီးတော့ သူ့မှာ အမေရှိတယ်ဆိုတာကိုလဲ ငါ ဘယ်တော့မှ ပေးမသိဘူး အဲ့မိသားစု ထဲကိုလဲ ထည့်မပေးနိုင်ဘူး...

ရိပေါ်နဲ့ ဖေးမာန်ရင် စကားအခြေအတင်ကို ဖြစ်နေကျသည်  ဖေးမာန်လဲ မောင်ဖြစ်သူပြောသမျှသာ ငြိမ်ခံနေရသည် မှားခဲ့သည်က သူပင်လေ သူသာလျှင်မိခင် မပီသခဲ့တာဖြစ်သည် သူသာလျှင် ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့မိသည် ထိုယောင်္ကျားရဲ့ ဖခင်က ရန်သူဖြစ်နေပါသောလဲ သူမ ဘာမှမတတ်နိုင်ခဲ့ဘူး။

"ပြီးတော့ ပြန်တော့ ဖြစ်နိုင်ရင် ဒီနိုင်ငံကိုပါ ခြေမချနဲ့ ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now