Ep.34

2.1K 110 13
                                    

(Unicode)

ရှောင်းကျန့် ဆံပင်မျှင်မှာ ကပ်နေတဲ့ အမှုန်ဖက်လေးကို ကျိုးချန်ဟာ ထိုင်နေတဲ့ ခုံကနေ အနည်းငယ်မက်တပ်ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှေ့ဘက်က ရှောင်းကျန့် ဘက်အနည်းငယ်ကုန်းကာ လက်နဲ့အသာ ဖယ်ပေးလိုက်သည် ။

တစ်စက္ကန့်မျှသာ ကြာတဲ့ ထိုအချိန်အခိုက်အတန့်လေးက သာမာန် ပဲ ဆိုင်အတွင်းထဲက ကြည့်ရင် သာမာန် ပေမယ့် အပြင်ဘက်မှန်ကကြည့်ရင် ကျိုးချန်နဲ့ရှောင်းကျန့် မျက်နှာနှစ်ခု နီးကပ်သလို ခံစားနေရပြီး ပန်းအိုးတစ်ခုအကွယ်ကြောင့် နမ်းနေတဲ့ ပုံစံ ဖြစ်နေသည်။

ရှောင်းကျန့်ကို ကုမ္ပဏီ အောက်မှာ အချိန်အတော်အတန်ကြာ စောင့်နေခဲ့ပေမယ့် ပေါ်မလာခဲ့ အချိန်ပိုဆင်းကျတဲ့ ဝန်ထမ်းတွေအလုပ်ပြန်မှ ရှောင်းကျန့် ဧည့်သည်ကို သွားကြိုတယ် အခုလောက်ဆို အိမ်ပြန်ရောက်နေလောက်ပြီပြောတော့ ရိပေါ် ရှောင်းကျန့် အိမ်ရှေ့ကို ရောက်သွားသေးသည်

  ဒါပေမယ့် အိမ်မှာလဲ မရှိတာမို့ ကားပတ်မောင်းပြီး လိုပ်ရှာခဲ့ရာ  ရှောင်းကျန့် ကားကို မြင်ပြီး ရှောင်းကျန့် ဆိူင်ထဲမှာ ရှိမယ်အထင်နဲ့ ဆိုင်ဘက်ကို လာခဲ့လိုက်သည် ။

ဒါပေမယ့် သူလုံးဝမထင်ထားတဲ့ မြင်ကွင်း ကြီးကို မြင်လိုက်ရသည် သူမြင်နေရတာ မှန်ကန်ရဲ့လား သူ့ရဲ့ ရှောင်းကျန့် ဟုတ်ရဲ့လားလို့ပင် သူ့ကိုသူ ပြန်မေးမိသည်

ရှောင်းကျန့် ရှေ့ဘက်က လူမျက်နှာကို သေချာ မမြင်ရတော့ ဆိုင်ထဲကို ဒေါသပုံကြီးစွာနဲ့ပဲ ဝင်လာလိုက်သည် ..ဆိုင်ထဲ ရောက်မှ သိလိုက်ရတာက အစောက ရှောင်းကျန့် ကို နမ်းလိုက်တာ ကျိုးချန်ဖြစ်နေသည်။

ထွက်နေတဲ့ ရိပေါ် ဒေါသက ကျိုးချန်မျက်နှာကို မြင်ရချိန်မှ ပိုဆိုးလာခဲ့တော့သည် ရှောင်းကျန့် ကို မတော်တရော်လုပ်ဖို့အထိ ကြံစည်ဖူးတဲ့ ကျိုးချန်က သူ့ကလေးကို နမ်းလိုက်သည်သာ ရှောင်းကျန့် ကရော ဘာလို့ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တာလဲ...

"မင်း မင်း သေချင်နေတာလား မင်း ဘာစောက်ချိုးလဲ ...

ဆိုင်ထဲ ရုပ်တရက် ရောက်လာပြီး သူ့ရှေ့က ကျိုးချန် လည်ပင်း အင်္ကျီ စကို ဆွဲကာ ထိုးကြိတ်ဖို့ ပြင်နေသည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now