Ep.28🔴🟢

2.1K 88 5
                                    

(Unicode)
"ဖြန်းးး! [ခပ်ပြင်းပြင်းပါးချသံ]

"ငါ့မှာ နားတွေမရှိဘူးလို့ မင်းထင်နေတာလား ဟမ် ...!!

"ပါး ဘာ ကိုပြောတာလဲ ...

"မင်းငါ့ကို သောက်ရူးလုပ်ထားတာလေ ...

ကျိုးသခင်ကြီးဟာ ထိုသို့ပြောပြီးကျိုးချန်ရင်ဘက် အင်္ကျီစကို ဆွဲယူလိုက်သည်။

"ပါး...

ခပ်ပြင်းပြင်း ပါးချသံအဆုံး တစ်အိမ်ထိ တိတ်ဆိတ်သွားလောက်အောင် အသံဟာ ဟိန်းထွက်သွားသည် ကျိုးချန် နှုတ်ခမ်း ထောင့်စွန်းကလဲ သွေးစို့ လာသည်။

"အဟင်း.... မင်းငါ့ကို ဒီအကြောင်းစောစော ပြောသင့်တာ ယောင်္ကျားတစ်ယောက်ကိုသာ သူတော်ကောက်လိုက်ရင်အားလုံးက ဆန့်ကျင်လိမ့်မယ် ဒါက ငါတို့အတွက် အခွင့်ပဲ ...

ကျိုးသခင်ကြီးက စိတ်ကိုအနည်းငယ် လျှော့ချလိုက်ပြီး စိုဖာမှာ ထိုင်ချလိုက်သည် နောက်တော့ သူ့အတွေးထဲ Planတွေဆွဲနေသည်။

"ပါးပါး...

"ပြီးတော့မင်း ဝမ့် ဘေးက ကောင်လေးနားကို ထပ်မကပ်နဲ့

ကျိုးသခင်ကြီးဟာ ကျိုးချန်ကို စကားပြောခွင့်မပေး ထိပ်ကပိတ်လိုက်သည်။

ကျိုးချန်ကတော့ ဖခင်စကားကြားမှ အနည်းငယ် စိတ်အေးသွားသည် သူထင်လိုက်သည်က လွန်ခဲ့တဲ့ နှစ်က သူရှာတွေ့ခဲ့တဲ့ အမျိုးသမီး ကို ပါးဖြစ်သူ ရှာတွေ့ခဲ့သည်သာ ထင်လိုက်သည် အဲ့လိုမဟုတ်ပဲ ရိပေါ်နဲ့ ရှောင်းကျန့် ဆက်ဆံရေးကို ရှာတွေ့သွားခဲ့သည်သာ။

"ပါးလုပ်နေတာတွေက အားလုံး မင်းအတွက်ကြီးပဲ ဒါ မင်းသိရဲ့လား ....

".....

မင်းအတွက်ဆိုတဲ့ စကားတွေကြားရတိုင်း ကျိုးချန်ကတော့ ရိုတ်နက်ခံခဲ့ရတာတွေကို မြင်ယောင်မိသည် အသက် 40ပြည့်တော့မယ့်အချိန်ထိပင် ရိုတ်နက်တဲ့ ဒဏ်ကမလွတ်သေးပါ။

"မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း ဘယ်နေရာ အားကိုးရလဲ ဘယ်နေရာ စိတိချရလဲ ရိပေါ်ကို ကြည့်စမ်း ...မင်း ထက် ..

"ပါး တော်သင့်ပြီ ရိပေါ်နဲ့ ယှဥ်နေတာတွေ တော်သင့်ပြီ ပါး သူ့ကို သဘောကျရင် ဘာလို့ သူ့အဖေမလုပ်တာလဲ ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now